spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

ကန်ခုနှစ်ဆင့်မှာ လာရောက်လည်ပတ်သူ တွေချန်ခဲ့တဲ့ အမှိုက်တွေကို လိုက်လံသိမ်းဆည်းနေရ

Author

Date

Category

စိုးထိုက်အောင်

ကိုဗစ်ကာလ ခရီးသွားတွေသွားရောက်လည်ပတ်တဲ့ နေရာတွေကို ပိတ်ထားတဲ့ကြားက ကန်ခုနှစ်ဆင့် ရေကန်တွေကို လာရောက်လည်ပတ်သူတွေရှိပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခဲ့တာတွေများတယ်လို့ ကန်ခုနဆင့်ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး(၂) ဦးတီရယ်ကပြောပါတယ်။

စွန့်ပစ်ထားတဲ့ အမှိုက်အညစ်အကြေးတွေကို တနီးလာလဲကျေးရွာက လူငယ် အယောက် ၈၀ ဝန်းကျင်ခန့်က ကန်ခုနှစ်ဆင့်ထိန်းသိမ်းရေးကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ကန်ခုနှစ်ဆင့်မှာရှိတဲ့ ရေကန်အားလုံးက အမှိုက်တွေ လိုက်ကောက်ခဲ့ပါတယ်။

“အခုချိန်ကလဲ ကိုဗစ်ကြောင့်ကပ်ရောဂါဖြစ်တဲ့အချိန်မှာလဲ လူကလဲအများကြီးလာကြတာပေါ့နော် ခရီးသွားလုပ်ငန်းတွေ လာပြီးတော့ အပန်းဖြေကြတဲ့နေရာမှာကျနော်တို့လဲတားမြစ်ပါတယ်။ တားမြစ်တဲ့အချိန်မှာ ကျနော်တို့လဲ ခြံကာထားတယ်၊ နောက်ပြီးတော့ တံခါးတွေလာဖွင့်ပြီးတော့ ဝင်လာ ကြတာပေါ့၊ လာအပန်းဖြေကြတယ်။ အဲ့ဒါကျနော် ရွာကနေပြီးတော့ ကျနော်တို့တာဝန်ရှိတဲ့ ကန်ခုနှစ်ဆင့်ထိန်းသိမ်းရေးကော်မတီ အဖွဲ့တွေပေ့ါနော်။ အဲ့ဒါလိုက်ပြီးတော့ ပြောတဲ့အချိန်မှာလဲ မနိုင်တော့ဘူးပေါ့နော်။ ဒီရောဂါဖြစ်တဲ့အခါမှာ သူတို့ကလာပြီးတော့ လူစုလူဝေးလာလုပ်၊ လာတည်း၊ အပန်းဖြေ၊ နောက်ပြီးတော့ အမှိုက်တွေလဲလာပြစ်ကြတာပေါ့။” လို့ ဦးတီရယ်ကပြောပါတယ်။

ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ မေလလောက်ကနေစပြီးကန်ခုနဆင့်ကို ပိတ်ထားခဲ့ပေမယ့်လဲ နေ့ထူးနေ့မြတ်တွေမှာ ကန်ခုနဆင့်ကို လာရောက်လည်ပတ်နေသူတွေရှိနေမြဲပဲလို့ ဦးတီရယ်က ဆိုပါတယ်။

ကန်ခုနဆင့်လူငယ်အတွင်းရေးမှူး မဦးမြာက “ အမှိုက်တွေလာပွတာလဲ စိတ်မကောင်းဘူး။ သူတို့လာဆိုရင်လဲ အပျော်သက်သက်ပဲအဲ့လိုလာရင်၊ တစ်ချို့တွေကလဲ သိချင်လို့၊ စူးစမ်းလေ့လာခြင်လို့ အဲ့လိုမျိုးလာခါကျတော့ လာလို့ရတယ်။ ဒါပေမယ့် အမှိုက်တွေလာပွရင်တော့ ပြန်သိမ်းပေးပေါ့။ အမှိုက်ပုံးထဲမှာ သေသေချာချာပြန်သိမ်းဖို့ မပွဖို့ပေါ့။” လို့ မဦးမြာကပြောပါတယ်။

ကန်ပတ်လည်တွေနဲ့ ကန်ထဲမှာဆိုရင် ပလပ်စတစ်အိတ်တွေ၊ ဘူးတွေ၊ ပုလင်းတွေနဲ့ ပုလင်းကွဲတွေ အမှိုက်ခန့်မှန်းချေ စက်ဖြင့် ၅စီးခန့်လောက် ကောက်ရတယ်လို့ အမှိုက်ကောက်နေကြတဲ့ လူငယ်တစ်ချို့ကဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts