spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ လူသုံးကုန်ပစ္စည်းပြတ်လပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ နေ့စဉ်အသုံးပြုဖို့အတွက် လူသုံးကုန်တွေ ပြတ်လပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

ပါဒေါဒူကျေးရွာမှာ နေထိုင်ပြီး တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဘယ်ရောနီကာကတော့ ဝင်ငွေရ အလုပ်အကိုင်မရှိတဲ့အတွက် နေ့စဉ်လူသုံးကုန်တွေ ပြတ်လပ်နေတယ်လို့ ပြောပါတယ်။

“အသုံးစရိတ်အတွက် ဆပ်ပြာတွေကတော့ မရှိဘူးပေါ့နော။ ပိုက်ဆံမရှိဘူး။ သွားဝယ်ဖို့ ဆိုင်လည်း မရှိဘူး။ အဲ့ဒီတော့ ဆပ်ပြာတွေ အများကြီး လိုအပ်တယ်ပေါ့နော။” လို့ ဘယ်ရောနီကာက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေမှာ မိုးကာကို အသုံးပြုရတဲ့အတွက် မိုးကာမလုံလောက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ရှောင်စခန်းတွေမှာ အိမ်သာတွေလည်း လုံလောက်မှု မရှိဘူးလို့ ဒေါ်အီစဘဲလ်လာက ပြောပါတယ်။

“ မိုးရွာလာရင် ကျမတို့ အမိုးအကာအတွေလည်း မလုံလောက်သေးဘူး။ အဲ့ဒီအပြင် ရောဂါဖြစ်ရင်လည်း ကျမတို့ အိမ်သာတွေက မလုံလောက်ဘူး။ စုပေါင်းပြီး သုံးနေရတော့ ရောဂါတွေက ကူးစက်နိုင်တယ်ပေါ့နော။ ပြီးတော့ ကျမတို့ မီးလင်းနိုင်ဖို့ ကျမတို့ ဖုန်းအားသွင်းချင်တယ်။ ကျမတို့ အိမ်ကိုလည်း မီးလင်းခိုင်းစေချင်တယ်။ အခုက ကျမတို့ ဘက်ထရီ အသေးတွေရှိတယ်။ ကျမတို့ စုပေါင်းသွင်းရင်လည်း မလုံလောက်ဘူး။ ဖယောင်းတိုင်တွေလည်း ကျမတို့ မယူလာခဲ့ဘူး။” လို့ ဒေါ်အီစဘဲလ်လာက ဆက်ပြောပါတယ်။

ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက်ရဲ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ ထုတ်ပြန်ချက်အရ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်လူဦးရေ ၆သောင်းကျော်ရှိနေပြီး ကရင်နီပြည်နယ်မှာ စစ်ရှောင်လူဦးရေ အများဆုံးနဲ့ နေရပ်ပြန်လည်နေထိုင်နိုင်သူမရှိသေးတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts