spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကုန်စျေးနှုန်းမြင့်တက်နေတဲ့အတွက် ဖားဆောင်းမြို့နယ်က ဒေသခံတွေ စားဝတ်နေရေး အခက်ကြုံ

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ဖားဆောင်းမြို့နယ်မှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်နေပြီး ဒေသခံတွေ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

“စျေးမြင့်တယ်ကော။ ဆိုင်တွေလည်း စျေးမြင့်၊ ဆန်တွေလည်း စျေးမြင့် စားမလောက်ဘူး။ ငွေနှစ်သိန်းသုံးသိန်းက ဘားမတွေ့ဘူး။ အရင်တုန်းက တစ်ပိဿဝယ်နိုင်တယ်။ အခု မဝယ်နိုင်တော့ဘူး။ အစိတ်သား၊ ငါးဆယ်သား အများဆုံး။ အဲ့လိုမျိုး ရှာစား၊ ဖွေစားလည်း ခက်၊ အရောင်းအဝယ် ကိုယ်ထွက်တဲ့ဟာက စျေးပေါ သူများလာတဲ့ဟာက စျေးကြီး။ ငါးတောင်မှ တစ်ပိဿတစ်သောင်းတဲ့” လို့ ဖားဆောင်းမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို ကုန်စျေးနှုန်းမြင့်တက်တာဟာ ကိုဗစ်ဖြစ်ချိန်က စတင်တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာလည်း စျေးနှုန်းက ပိုမိုမြင့်တက်လာပါတယ်။
ယခင်က သုံးသောင်းတန် ဆန်တစ်အိတ်ကို လက်ရှိမှာ ငါးသောင်းအထိ ပေးဝယ်နေရတာတယ်လို့ သိရပါတယ်။

ဖားဆောင်းမြို့နယ်က ဒေသခံအပါအဝင် ကရင်နီပြည်က လူထုအများစုဟာ တောင်ယာလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုနေကြရတာပါ။ တောင်ယာတွေကနေ ရတဲ့ဝင်ငွေနဲ့ နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်။

အခုလို နိုင်ငံရေးအကျပ်အတည်းကာလမှာ တောင်ယာ၊ လယ်ယာတွေ သွားရောက်လုပ်ကိုင်ဖို့အတွက် စိုးရိမ်ကြောက်ရွံ့နေရတယ်လို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

“အခက်အခဲတော့ အမြဲတမ်းပဲရှိတယ်။ ကြောက်လည်းကြောက် ဘယ်မှလည်း မသွားရဲ ကြောက်လည်း ကြောက်တယ်ကော။ အိမ်မှာပဲနေပြီးရှာစား ငတ်ပြတ်လည်း ငတ်တာပေါ့။ ငတ်တဲ့အခါလည်း ငတ်တာပေါ့။ ဘယ်တတ်နိုင်မှာတုန်း သွားမှမရ လာလည်း မရပဲကော” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ၊ မိုးဗြဲ စတဲ့မြို့တွေက ဒေသခံတွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ဘေးရှောင်နေရပေမယ့် ဖားဆောင်းမြို့ပေါ်တွေမှာတော့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပါဘူး။

သို့ပေမယ့်လည်း စစ်တပ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ကြောင့် ဖားဆောင်းမြို့ပေါ်က ဒေသခံတွေအပြင် ကရင်နီလူထုတွေဟာ စားဝတ်နေရေး အကြပ်အတည်း ကြုံတွေ့ခံစားနေကြရပါတယ်။

spot_img
spot_img