spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီမှ အသုံးပြုပစ်ခတ်တဲ့ လက်နက်ကြီးတွေကို မှတ်တမ်းတင်ထား

CJ ( ကန္တာရဝတီတိုင်း(မ်) )

စစ်ကောင်စီမှ ကရင်နီပြည်အတွင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး အစတွေကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာကို ချပြသွားမယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“ကျနော်တို့ အခု ပေးပို့တဲ့အဖွဲ့တွေက လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တယ်။ အဲ့တော့ သူတို့က ဘာလုပ်မလဲဆိုတော့ နိုင်ငံတကာမှာ ရှိနေတဲ့ ARM- EMBARGO

( လက်နက်မှောင်ခို ကုန်ကူးခြင်း ) ပေါ့နော။ စစ်ကောင်စီကို ဘယ်ကုမ္ပဏီ၊ ဘယ်နိုင်ငံက ဘာလက်နက်တွေကို ရောင်းချနေလဲဆိုတာ tracking

( ခြေရာခံလိုက်ခြင်း) ပြန်လိုက်တယ်ပေါ့နော။ ကျနော်တို့ ခြေရာခံလိုက်တဲ့ ပုံစံမျိုးပေါ့။” လို့ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ကောင်စီမှ ပစ်ခတ်ထားတဲ့ လက်နက်ကြီး အပိုင်းအစ၊ ထိတ်ဖူး၊ ကိုယ်ထည်တွေကို တူးဖော်ဓာတ်ပုံရိုက်ပြီး အချက်အလက်နဲ့တကွ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေဆီကို ပေးပို့ထားတယ်လို့ ဦးဗညားက ဆိုပါတယ်။

အဲ့ဒီကနေတဆင့် စစ်ကောင်စီကို ရောင်းချတဲ့ နိုင်ငံ၊ ကုပ္မဏီတွေကို သိရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာ သတင်းမီဒီယာများကို ဖြန့်ဝေထားတယ်လို့ သိရပါတယ်။

“တစ်ရက်ကို ဘယ်နလုံးလဲဆိုတာကို ကျနော်တို့ အတိအကျ ပြောလို့ မရဘူး။ တရက်တရက် ပစ်တဲ့ အခြေအနေအပေါ် မူတည်တယ်။ တချို့ရက်တွေဆို အလုံးပေါင်းများစွာ ပစ်တယ်။ ဒီတနေရာတည်းပဲ ပစ်တာ မဟုတ်ပဲနဲ့ ဒီးမော့ဆိုမြို့နယ်မှာ ရှိတဲ့ နေရာတော်တော်များများကို ပစ်တယ်။ တိုက်ပွဲဖြစ်လို့ ပစ်တာ မဟုတ်ပဲနဲ့ ရွာတွေ၊ ပြည်သူတွေ ရှိတဲ့ဖက်ကို ပစ်မှတ်ထားတယ်။” လို့ KNDF မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီမှ ၁၂၀ မမ၊ ၈၈မမ၊ ၈၁မမ၊ G1 စတဲ့ လက်နက်ကြီးတွေကို အများဆုံး အသုံးပြုပြီး ပစ်ခတ်လေ့ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

spot_img
spot_img