spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်တွေ ဆောင်းသီးနှံ စိုက်ပျိုးသူများပြားလာ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက အင်တော စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေဟာ တစ်ဖက်တစ်လမ်းဝင်ငွေ ရရှိနိုင်ဖို့ နဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေ မီးဖိုချောင် အသုံးစရိတ် သက်သာစေဖို့အတွက် ဆောင်းသီးနှံ စိုက်ပျိုးသူ များပြားလာတယ်လို့ ဆိုပါတယ်။

ယခု နိုဝင်ဘာလ နောက်ဆုံးအပတ်မှာ ဆောင်းသီးနှံတမျိုးဖြစ်တဲ့ ကြက်သွန်ဖြူကို စိုက်ပျိုးနေကြပြီး ကြက်သွန်အပြင် တခြားသော သီးနှံတွေလည်း စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

“အဓိက စိုက်ပျိုးကြတဲ့ သီးနှံအနေနဲ့ ကြက်သွန်ဖြူ ဖြစ်ပြီးတော့ ချောင်းဘေးတစ်လျှောက်မှာ စိုက်ပျိုးနိုင်သူတွေက အခြား ဆောင်းသီးနှံဖြစ်တဲ့ ကြက်သွန်နီ၊ ဆလတ်ရွက်၊ နံနံပင်၊ ဥနီ၊ ပဲအမျိုးမျိုးနဲ့ အခြားသော သီးနှံတွေကိုလည်း စိုက်ပျိုးကြတယ်။” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် အများစုဟာ နေရပ်မပြန်နိုင်တာ ၃ နှစ် ကျော်ရှိနေပြီး အခုလို သီးနှံစိုက်ပျိုးကြတာဟာ စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။ အခြေခံစားသောက်ကုန် ဈေးနှုန်း မြင့်တက်နေတာကြောင့် အခုလို စိုက်ပျိုးခြင်းအားဖြင့် မီးဖိုချောင်အသုံးစရိတ်ကို သက်သာစေတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း သုံးခုက အိမ်ခြေ ၅၀၀ ကို ဆောင်းသီးနှံစိုက်ပျိုးနိုင်ဖို့ လူမှူအသင်းအဖွဲ့ တချို့က မျိုးစေ့ပံ့ပိုးကူညီမှု ရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ အကူအညီမရရှိသေးဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

အဆိုပါ အင်တော စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၁၈၀ ကျော်ရှိပြီး၊ လူဦးရေ ၈၀၀ ကျော်ရှိပါတယ်။

spot_img
spot_img
spot_img

Recent posts