spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်နေရတဲ့ တောင်သူတွေ စားဝတ်နေရေး ပိုမိုခက်ခဲလာ ၊ ဖြေရှင်းနိုင်ဖို့ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

မိုးဗြဲ နဲ့ ဖယ်ခုံမြို့က စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စားဝတ်နေရေးပိုမိုကြပ်တည်းလာပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဖယ်ခုံမြို့နယ်တွင်း တစ်နေရာမှာ ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေဟာ လယ်ယာ၊ တောင်ယာ စပါးစိုက်ပျိုးကြတဲ့ တောင်သူအများစုဖြစ်ပါတယ်။ တွေ့ဆုံပွဲကို ကယန်းလူမှုကယ်ဆယ်ရေးကော်မတီ (KRC) ကနေ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး တောင်သူတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးကြတယ်လို့ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“ ကျနော်တို့ဒေသမှာ စားနပ်ရိက္ခာ ဖူလုံဖို့အတွက်ဆိုတဲ့နေရာမှာ တောင်သူက ဘာတွေခက်ခဲနေလဲဆိုတာကို ကျနော်တို့ ဂဃနဏ သိဖို့လိုအပ်တယ်ပေါ့နော။ တောင်သူတွေ ဘယ်လိုခက်ခဲလဲဆိုတာ ကျနော်တို့က ထောင့်စေ့ သိဖို့ လိုအပ်တယ်။ တောင်သူတွေက တစ်ဒေသနဲ့ တစ်ဒေသ တူချင်မှတူမှာပေါ့နော။ မတူတဲ့အခက်အခဲတွေကိုလည်း ကျနော်တို့က သိဖို့လိုအပ်တယ်ပေါ့။ ဒါကြောင့်မလို့ အခက်အခဲတွေကို အတတ်နိုင်ဆုံး သူတို့ကို အကြံပေးတဲ့အစီအစဉ်လည်းလုပ်ချင်သလို ဒီအခက်အခဲပေါ်မှာ ဘာကူညီပေးရမလဲ သက်ဆိုင်ရာ၊ အရပ်ဖက်အဖွဲ့အစည်းသော်လည်းကောင်း တောင်သူတွေရဲ့အခက်အခဲကို သိပြီဆိုရင် အရပ်ဖက်အဖွဲ့အစည်းတွေကို ပြန်လည်ချပြမယ်။ တောင်သူတွေကို ပြန်လည်ပံ့ပိုးတဲ့နေရာမှာ ထိရောက်တဲ့ကူညီပံ့ပိုးမှုတွေ ဖြစ်စေချင်တယ်ပေါ့လေ။”လို့KRC တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို ဖယ်ခုံ ၊ မိုးဗြဲ ၊ ဒီးမော့ဆိုမြို့နယ်တွင်းက တောင်သူ ၆၀ခန့် တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှ ရလာတဲ့ဆွေးနွေးမှုတွေကို သက်ဆိုင်ရာ ၊ အရပ်ဖက်အဖွဲ့အစည်းတွေကို ပြန်လည်တင်ပြသွားမယ်လို့ ဆိုပါတယ်။

တောင်သူတွေဟာ နေ့စဉ်စားဝတ်နေရေးအတွက် အဓိက လုပ်ငန်းတခုဖြစ်တဲ့ စပါးကို စိုက်ပျိုးကြပေမယ့် ဒေသတွင်း တိုက်ပွဲတွေကြောင့် ပုံမှန်မစိုက်ပျိုးနိုင်တာ ၊ စစ်ကြောင်းထိုးလာတာကြောင့် ရင့်မှည့်တဲ့စပါးခင်းတွေကို မရိတ်သိမ်းနိုင်လို့ ပျက်စီးမှုနဲ့ကြုံတွေ့ခဲ့ရတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှု နဲ့ မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် ၂နှစ်ဆက်တိုက် စပါးခင်းအများစု ရေနစ်မြှုပ်ခဲ့ရတာကြောင့် စားနပ်ရိက္ခာပိုင်း ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးအတွက် ဓတ်မြေဩဇာ ၊ လုပ်အားခ ကုန်ကျစရိတ်တွေက ကြီးမြင့်တာကြောင့် အရှုုံးနဲ့ရင်ဆိုင်နေရတယ်လို့ မိုးဗြဲတောင်သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ တောင်သူတွေရဲ့ စိုက်ပျိုးမြေဧရိယာရဲ့သုံးပုံတစ်ပုံ ရေနစ်မြှုပ်သွားတယ်ပေါ့နော။ လာမယ့် စိုက်ဧရိယာ ကုန်ကြမ်းစပါးကလည်း အနည်းနဲ့အများတော့ လျော့ကျသွားမယ်။ ဥပမာ – စပါး သုံးတင်းလောက်ထွက်ရင် နောက်နှစ်က တစ်တင်းခွဲ နှစ်တင်း ဝန်းကျင်လောက်ပဲ ရနိုင်မယ်။ အဲ့အတွက် တောင်သူလယ်သမားတွေက အများကြီးနစ်နာခဲ့ရတယ်ပေါ့နော။ စိုက်ပျိုးတဲ့ရာသီမှာလည်း ကျနော်တို့တောင်သူလယ်သမားတွေက ဓတ်မြေဩဇာဈေး၊ ဒီဇယ်ဈေး၊ လုပ်အားခတို့ အရမ်းကြီးမြင့်သွားတယ် အရင်နှစ်ထက် နှစ်ဆလောက်ဖြစ်သွားတယ်။” လို့ သူက ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာလည်း အလှူရှင်ရောက်ရှိလာမှု နည်းပါးလာပြီး စားဝတ်နေရေးဖူလုံဖို့အတွက် စစ်ဘေးရှောင်နေကြတဲ့ တောင်သူအများစုကတော့ နီးစပ်ရာဆွေမျိုးတွေရဲ့ စိုက်ပျိုးမြေမှာ တစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုးတာ ၊ နေ့စားအလုပ်လုပ်တာနဲ့ ဖြေရှင်းနေကြပါတယ်။ မိုးဗြဲ ၊ ဖယ်ခုံ မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေ သောင်းဂဏန်းရှိပြီး ပြန့်ကျဲနေထိုင်ကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts