spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

တိုက်ပွဲကြောင့်တိမ်းရှောင်ရတဲ့ ၃ ရက်သား ကလေးငယ် သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ကနေ စစ်ဘေးတိမ်းရှောင်သွားကြရတဲ့သူတွေထဲမှာ မွေးကင်းစကလေးငယ်တွေလည်း ပါဝင်နေပြီး ဆိုက်ခေါင်ကို တိမ်းရှောင်သွားတဲ့ မိသားစုတွေထဲက ၃ ရက်သားအရွယ် ကလေးငယ်တစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်ကို လွိုင်ကော်မှာ မီးဖွားခဲ့တာဖြစ်ပြီး ဆရာဝန်တွေလည်း မရှိတော့တာကြောင့် ရှိတဲ့လက်သည်နဲ့ဘဲ မွေးဖွားခဲ့ရတယ်လို့ သိရပါတယ်။

မွေးဖွားချိန်မှာ လိုအပ်တဲ့ ကုသခံယူမှုတွေ မရခဲ့တဲ့အပြင် စစ်ဘေးရှောင်ဖို့ လမ်းခရီးကြမ်းတမ်းတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ကလေးငယ််ရဲ့အသက်ကို ဆုံးရှုံးလိုက်ရတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“သူကတော့ ပြောတယ်။ မွေးတုန်းကလည်း လက်သည်နဲ့ မွေးတာပေါ့နော်။ အဲ့ဒီဆရာဝန်တွေကလည်း မရှိတော့ဘူးပေါ့။ လွိုင်ကော်မှာကလေ။ ဆရာဝန်မရှိတော့ လက်သည်နဲ့မွေးတယ်တဲ့” လို့ စစ်ရှောင်မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်မိသားစုဟာ လွိုင်ကော်ကနေ ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာခွဲမှာ ဆီဆိုင်ကို ရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဆီဆိုင်ရောက်ရှိချိန်မှာ ကလေး အသက်ရှိသေးပြီး ဆိုက်ခေါင်ဖက်ကို တိမ်းရှောင်ဖို့ဆက်သွားရင်း ညနေ ၅ နာရီဝန်းကျင်မှာ ရောက်လာပြီး ကလေးအသက်သေဆုံးသွားတယ်လို့ စစ်ရှောင်မိသားစုနဲ့ နီးစပ်သူတွေကဆက်ပြောပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် လွိုင်ကော်က လူထုတွေ ထွက်ပြေးတိမ််းရှောင်နေကြရပြီး ရှမ်းပြည်နယ်ထဲကို အများစု တိမ်းရှောင်သွားကြတာ ဖြစ်ပါတယ်။

spot_img
spot_img