spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင်တချို့အတွက် နေရာထိုင်ခင်းရရှိဖို့ တဲဆောက်ပေး

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ အရှေ့ဖက်ခြမ်းကနေ တိုက်ပွဲကြောင့် တိမ်းရှောင် ရောက်ရှိလာတဲ့ စစ်ရှောင်တချို့အတွက် နေစရာတဲဆောက်ပေးနေကြတာဖြစ်ပါတယ်။

အသစ်တိုးလာတဲ့စစ်ရှောင်တွေရဲ့ ‌နေရာထိုင်ခင်း အဆင်ပြေဖို့အတွက် တဲဆောက်ပြီး ပြောင်းရွှေ့ထားဖို့ ပြင်ဆင်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

“ခုအနောက်မှာဆောက်နေတဲ့ ဒီအဆောက်အဦးတွေက ခုကဒီစစ်ရှောင်တွေ တိုးလာတယ်လေ။ တိုးလာတော့ကျောင်းမှာပဲ ယာယီထားတော့ ကျောင်းလဲပိတ်ထားရတယ်ပေါ့နော်။ ဒါကြောင့်မို့ ကျွန်တော်တို့က ခုလောလောဆယ်ကျောင်းမှာထားပြီး အဆောက်အဦးလေးဆောက်ပေးတယ်။ ပြန်ရွှေ့လာပေးဖို့ပေါ့နော်” လို့ ဆိုပါတယ်။

နေရာထိုင်ခင်းမရရှိသေးတဲ့ စစ်ရှောင်တွေ ထပ်မံရောက်ရှိလာရင် လက်ခံသွားမယ်လို့ ဆိုပါတယ်။ လက်ရှိ တဲ‌ဆောက်တဲ့အချိန်မှာ ဝါးက ဝယ်ချင်တိုင်းဝယ်လို့မရသလို မိုးကာဝယ်ယူဖို့လည်း ငွေကြေးအခက်ခဲရှိတယ်ဆိုတယ်လို့ ဆိုပါတယ်။

“ခုချိန်မှာတော့ ဝါးတွေတအားရှားတယ်ပေါ့နော်။ ကိုယ်ဝယ်ချင်တဲ့အတိုင်းလဲ ဝယ်လို့မရဘူး။ ရှာချင်လဲ ရှာလို့မရဘူး ဒီမျိုးပေါ့နော်။ ပြီးတော့ မိုးကာတို့ ဘာတို့စသဖြင့်ပေါ့နော် အခက်ခဲရှိတာပေါ့” စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ဦးရေ တိုးလာတာနဲ့အမျှ စားနပ်ရိက္ခာ နဲ့ သောက်သုံးရေရရှိဖို့ကလည်း အရေးတကြီး လိုအပ်နေပါတယ်။ လက်ရှိ အဆိုပါစစ်ရှောင်စခန်းမှာ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှ ရောက်လာသော စစ်ရှောင်ဦးရေ (၅၀)ကျော် ရှိနေတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ၉ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံအပါအဝင် ထပ်ဆင့်စစ်ရှောင် ရတဲ့ စစ်ရှောင် နှစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရပြီး ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို ထောင်နဲ့ ချီပြီး တိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။

spot_img
spot_img