spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

နိုဝင်ဘာလအစောပိုင်းက မိုးရွာသွန်းမှုကြောင့် စပါးပျက်စီးမှုရှိ၊ စားဝတ်နေရေးခက်ခဲမှာကို တောင်သူတွေ စိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာလအစောပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေါဖုအုပ်စုအတွင်းက ကျေးရွာတရွာမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်ယာစပါးခင်း သုံးပုံတပုံဝန်းကျင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျေးရွာဟာ တောင်ကျရေနဲ့သာ လယ်ယာစပါးကို စိုက်ပျိုးကြတာဖြစ်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်မှာ တောင်ကျချောင်းရေတွေ ပုံမှန်ထက်များလာတဲ့အတွက် လယ်ကွင်းတွေထဲ ရေလျှံခဲ့ပြီး စပါးခင်းတွေ ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေထဲမှာကပ်ပါလာတဲ့ အမှိုက်နဲ့ မြေကြီးတွေဟာ စပါးနှံကို လာကပ်တာကြောင့် ရေနဲ့ပြန်ဆေးချပေမဲ့လည်း အဆင်မပြေတော့ဘူးလို့ ဆိုပါတယ်။

“သူ့ဟာက အဖျားက ဒီလိုရှိတော့ လာကပ်ကုန်တယ်။ အသီးတွေပါကပ်ကုန်တော့ ဘာမှ လုပ်လို့မရတော့ဘူးလေ။ ရေနဲ့ ပြန်ဆေးမယ်ဆိုပြီး လုပ်ကြည့်တော့လည်း အဆင်မပြေဘူး”လို့ လယ်စပါး စိုက်ပျိုးတဲ့ ဒေသခံတောင်သူ တဦးက ပြောပါတယ်။

အဆိုပါ ကျေးရွာမှာ အိမ်ခြေ ခြောက်ဆယ်နီးပါးနေထိုင်ကြပြီး စားဝတ်နေရေးအတွက် စပါးကို အားထား စိုက်ပျိုးကြတာဖြစ်ပါတယ်။ စပါးစိုက်ပျိုးစဉ်က လယ်ယာတဧကကို ကုန်ကျစရိတ်အနည်းဆုံး ကျပ် ငါးသိန်းခန့်ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

ပုံမှန်အချိန်တွေမှာ လယ်ယာတဧကကို စပါးအိတ်ခြောက်ဆယ်ကနေ အများဆုံးအိတ်တရာ ထိရရှိပြီး လာမဲ့နှစ်စားဝတ်နေရေးအတွက် ဖူလုံစေတယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ ဒီနှစ်မှာတော့ ပျက်စီးမှုရှိခဲ့တာကြောင့် ရေရှည်စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေရတယ်လို့ ပြောကြပါတယ်။

“တချို့က ပြန်ရိတ်ကြတယ် စပါးအသီးတွေက မြေကြီးတအားပေကုန်တယ်၊ ပေကုန်တော့ အဲ့ဒါလေးကို သေချာပြန်လုပ်ပြီးတော့မှ အခြောက်ပြန်လှန်းပြီးတော့မှ တခါ ဇကာပြန်ချ အဲ့လိုလုပ်ကြတာလည်းရှိတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတောင်သူတွေဟာ ရွှေရင်အေး၊ ရွှေအပ်၊ ပုလဲသွယ် စတဲ့ ဆန်စပါးအမျိုးအစားကို အများဆုံး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ လက်ရှိ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ဆန်ဈေးအနည်းဆုံး ကျပ် ခုနှစ်သောင်း ဝန်းကျင်ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts