spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူပိုင်ပစ္စည်း ခိုးယူနေတဲ့ လူငယ်နှစ်ဦး ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေးခဲ့

ထွေးရယ် / ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ခြောက်မိုင် ဒေါပိုးစီဖက်ခြမ်းမှာ ပြည်သူပိုင်ပစ္စည်းတွေ လိုက်လံ ခိုးယူတာ ပြုလုပ်နေတဲ့ လူငယ်နှစ်ဦး ကို တစ်လကြာ ထိန်းသိမ်းထားခဲ့ပြီး မနေ့က (ဧပြီ ၂၆)မှာ ဒဏ်ငွေ ၃သိန်းနဲ့ ခံဝန်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကရင်နီပြည်ရဲဌာန KSP တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ 22ရက်နေ့ ၃လပိုင်း ၂၀၂၂မှာ အဲ့ဒီကျနော်တို့ တပ်ရင်း ၉ကနေပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ အဲ့ဒီ ၆မိုင်ဘက်ခြမ်း ဒေါပိုးစီဘက်ခြမ်းမှာ
အဲ့ဒါသူတို့ ပြည်သူပိုင်ပစ္စည်းဖြစ်တဲ့ မီးကြိုးတွေဘာတွေ သွားဖြုတ်ပြီးတော့ ယူတာတို့ သွားခိုးတာတို့ ပြီးတော့မှ ဆိုင်တွေဝင် လိုက်ခိုးတာတို့ KNDF က အဲ့လိုတွေ့တော့ သူတို့ ဖမ်းလာတာ ဖမ်းလာပြီးတော့ အဲ့ဒီ ည ၇နာရီလောက်မှာပေါ့နော။ ကျနော်တို့ လာပို့ပြီးတော့ မှထိန်းသိမ်းပြီးတော့မှ အခုလောလောဆယ် ကျနော်တို့ ပြန်လွှတ်တယ်ဆိုတာက KSP သတ်မှတ်ထားတဲ့ ရက်ပြည့်ပြီဆိုတဲ့အတွက် ကျနော်တို့ ဒဏ်ငွေနဲ့အတူ ကျနော်တို့ ခံဝန်လက်မှတ်ထိုးခိုင်းပြီးတော့ ပြန်လွှတ်ပေးတာ ဖြစ်တယ်။ “ လို့ KSP တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ထဲက တစ်ဦးဖြစ်တဲ့ မောင်ဝေယံထွန်း ကတော့ အရင်က ပန်းရန် အလုပ်လုပ်တဲ့ သူဖြစ်ပြီး သူငယ်ချင်းက ခေါ်လို့ လိုက်သွားရတာဖြစ်တယ်လို့ ပြောပါတယ်။

“ သူငယ်ချင်းတွေက ဆိုင်ကယ်မောင်းပေးရုံပဲဆိုလို့ ပြောလို့ လိုက်သွားရင်းနဲ့ လမ်းမှာ အဖမ်းခံရတာ။ သူတို့ ဘာလုပ်မယ်လို့တော့ မပြောဘူး။ ဆိုင်ကယ် လိုက်မောင်းပေးရုံပဲ အဲ့လိုပြောလို့ ။ ပိုက်ဆံပေးမယ်လို့ ပြောတယ်။ ရရင်ရသလောက် ၂သောင်း ၃သောင်းပေးမယ်ပြောတယ်။ ကျနော်တို့လည်း ပိုက်ဆံလိုချင်လို့ လိုက်လာတာ။ လိုက်လာရင်းနဲ့ လမ်းမှာ ဖမ်းမိတာ။ “ လို့ မောင်ဝေယံထွန်းက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ နှစ်ဦးကတော့ လွိုင်ကော်မြို့နယ် ဧက ၅၀၀ နဲ့ နမ့်ဘော်ဝမ် မှာ နေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို KSPကနေ ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး ကရင်နီတပ်မတော် KA ၊ အမှတ်(၁)ခရိုင် အုပ်ချုပ်ရေး ဒီးမော့ဆိုမြို့နယ် ခရိုင်မှူးနဲ့ မြို့နယ်မှူးတို့ ရှေ့မှောက်မှာ ဝန်ခံကတိလက်မှတ်ထိုးပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

spot_img
spot_img