spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူ့ခံတပ်

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကယားပြည်နယ်က ရပ်ကွက်ကျေးရွာတွေတိုင်းမှာ ခြံစည်းရိုးတွေ အခိုင်အမာကာရံထားပါတယ်။
နေ့ရောညပါ အလှည့်ကျ ကင်းစောင့်တဲ့အလုပ်ကိုလည်းလုပ်ထားကြပါတယ်။
ရပ်ကွက်တွေတိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ကြေညာကြပါတယ်။

တချို့ကျေးရွာတွေမှာတော့ ဘိလပ်မြေအိတ်နဲ့သဲမြေကို အသုံပြုပြီး ခံတပ်ပုံစံ ပြုလုပ်ထားတာကိုလည်းတွေ့ရပါတယ်။

ပြည်သူတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခုလို ကိုယ့်ကျေးရွာကို အကာအကွယ် ပြုလုပ်ကြတာဖြစ်ပါတယ်။

လွိုင်ကော်လူငယ်တစ်ဦးက

“အရံအတားဘာလို့လုပ်ရလဲဆိုတော့ အခုအာဏာသိမ်းစစ်ကောင်စီလို့ သူတို့ကိုယ်နာမည်တပ်တဲ့ စစ်သူပုန်အဖွဲ့က နေ့ခင်းဆိုလူတွေကို စနိုက်ပါတွေနဲ့ပစ်သတ်တယ်။ ညဘက်တွေဆို မတရားဖမ်းဆီးပြီးတော့ အလောင်းတွေကို ပြန်ပို့တယ်။ အဲ့ဒါကြောင့် စည်းရိုးကာထားတာဖြစ်တယ်။ လုံခြုံလားဆိုတော့ အဲ့လို အတိုင်းအတာတစ်ခာလောက်အထိတော့လုံခြုံပါတယ်။ သူတို့အရှေ့ကနေဝင်သွားရင် ကျနော်တို့ကင်းစောင့်တွေက အနောက်ကနေပြန်ပစ်မယ်။ အရှေ့ကနေပြန်ပစ်မယ်။ အဲ့ဒါကြောင့်သူတို့လာဖမ်းလို့ မပါသွားတဲ့ CDM ဝန်ထန်းတွေအများကြီးရှိပါတယ်။ တချို့ကျတော့ သူတို့အင်အားတအားအများကြီးနဲ့လာဖမ်းရင်တော့ပါသွားကြတာပါပဲ။”

အာဏာသိမ်းပြီးနောက်ပိုင်း ညဘက်တွေမှာ ရဲနဲ့စစ်တပ်က ပြည်သူတွေရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးဖမ်းဆီးခေါ်ဆောင်တာတွေရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မြို့နယ်တချို့တွေမှာ ညမထွက်ရအမိန့်ဖြစ်တဲ့ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်တာတွေပြုလုပ်ပါတယ်။

၂၀၂၀ရေွးကောက်ပွဲအပြီး ပထမဆုံးအကြိမ်းလွှတ်တော်ခေါ်မယ့်အချိန်မှာ ရွေးကောက်ပွဲရလဒ်မသာမာမှုကြောင့် အာဏာတစ်နှစ်သိမ်းမယ်လို့ အာဏာသိမ်းစစ်ကောင်စီကကြေညာလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် အာဏာသိမ်းတာ လေးကြိမ်ရှိသွားပါပြီ။
ပြည်သူတွေကတော့ စစ်အာရှင်ဆန့်ကျင်တဲ့လှုပ်ရှားမှု သပိတ်တွေကို အဆက်မပြတ်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ သပိတ်မှောက်ပြည်သူတွေကို လက်နက်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းနေပါတယ်။

သပိတ်ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ကြိုးစားခြင်း၊ Mobile data တွေကိုဖြတ်တောက်ခြင်း စတဲ့နည်းတွေနဲ့ သပိတ်မှောက်မှုကိုရပ်တန့်အောင် အာဏာသိမ်းစစ်ကောင်စီဘက်က ပြုလုပ်နေတာကိုလည်းတွေ့ရပါတယ်။

ပြည်သူတွေဘက်ကတော့ အာဏာရှင်စနစ်အမြစ်ဖြတ်မယ်၊ အာဏာသိမ်းတာဒီတစ်ကြိမ်နောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ G-Z(Generation-Z)ကို ကိုယ်စားပြုပြီး နည်းမျိုးစုံအသုံးပြု သပိတ်မှောက်နေကြပါတယ်။

spot_img
spot_img

Recent posts