spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အရှေ့ခြမ်းကစစ်ရှောင်တွေ တိုက်ပွဲတွေကြား ရွေ့ပြောင်းရန် အခက်အခဲရှိနေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်တွေဟာ ရွှေ့ပြောင်းဖို့ အခက်အခဲရှိနေကြတယ်လို့ စစ်ရှောင်တွေနဲ့ဒေသခံတွေဆီကနေ သိရပါတယ်။

ဖရူဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေဟာ စစ်ကောင်စီအခြေစိုက်တပ်တွေနဲ့ နီးတဲ့အတွက် လက်နက်ကြီးမကြာခဏ ကျရောက်တာတာကြောင့် ရွေ့ပြောင်းလိုပေမဲ့ လူဦးရေများတာကြောင့် ထပ်မံရွေ့ပြောင်းဖို့ အဆင်မပြေဘူးလို့ ဆိုပါတယ်။

“သူတို့နေတဲ့နေရာက နေရာကျဥ်းတယ်။ နောက်ရွာတွေကလည်း နည်းနည်းနီးတာပေါ့နော်။ နီးတော့ ခုနကပြောသလိုပဲ စစ်ကောင်စီတွေ လက်နက် ကြီးနဲ့ အပစ်ခံရတာပေါ့‌နော်။ အဲ့တော့ နွေရာသီဆိုလည်း ရေတွေကရှားတယ်။ မိုးရာသီ ဆို သွားလာရတအားခက်တယ်။ ‌နောက်ပြီး ဧရိယာလည်းကျဥ်းတယ်။ အဲ့တာကြောင့်မလို့ ရွှေ့ပြောင်းရတာ ။ ပြောင်းရွှေ့ရတာက ကျတော်တို့ စစ်ကောင်စီနဲ့ တအားနီးတာပေါ့။ စစ်ကောင်စီရဲ့ လက်နက်ကြီးကိုတော့ စိုးရိမ်ရတယ်ဆိုတာကတော့ ပြောလို့ရတာပေါ့နော်။ အကြမ်းအားဖြင့်ပေါ့နော်။ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံတွေကို နေ့စဉ်ကြားနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျေးရွာနဲ့ စစ်ရှောင်စခန်းတွေမှာလည်း လက်နက်ကြီးကျရောက်မှုရှိတာကြောင့် စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို အလှူရှင်ရောက်ရှိလာမှု အားနည်းလာပြီး လက်ရှိမှာလည်း ဆေးဝါး၊ မိုးကာလိုအပ်မှု ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“လောလောဆယ် သူတို့မိုးကာတော့ သူတို့ နည်းနည်း လိုအပ်တာရှိတာပေါ့နော်။ တချို့ရွာတွေထပ်ပြေးရတယ်။ ရိက္ခာကတော့ လောလောဆယ်တော့ ဖရူဆို အရှေးခြမ်းကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကို အဆင်ပြေနေတာရှိတာပေါ့နော်။ ကျနော်တို့ မကူလည်း သူတို့ဘာသာ နည်းနည်းပါးပါးတော့ တတ်နိုင်သေးတာပေါ့နော်။ ဒါပေမဲ့ လိုအပ်တဲ့ ဆေးဝါးနဲ့ မိုးကာတော့ ခက်ခဲမှုရှိပါတယ်” လို့ဆိုပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွေမှာ ဒီးမော့ဆိုက စစ်ရှောင်အပြင် ဖရူဆိုမြို့တွင်းက ဒေသခံ စုစုပေါင်း တစ်သောင်းကျော်ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts