spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်း ကျေးရွာတရွာမှာ ကေ့ထျိုးဘိုး ပွဲတော်ကျင်းပ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာတရွာမှာ တံခွန်တိုင်ပွဲ (ခေါ် ) ကေ့ထျိုးဘိုး ရိုးရာပွဲတော်ကို ဧပြီလ ၂၁ ရက်နေ့ နဲ့ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ပွဲတော် ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ မိုးလေဝသ မှန်ကန်စေရေး၊ ဆန်ရေစပါး ပေါများစေရေး၊ ရောဂါဘယ ကင်းဝေးစေရေးနဲ့ တိုင်းပြည်အေးချမ်းသာယာစေရေး အတွက် ပြုလုပ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ကေ့ထျိုးဘိုးပွဲတော် မကျင်းပခင်မှာတော့ ကြက်ရိုးထိုးခြင်းကို ပြုလုပ်ကြပြီး ကြက်ရိုးထိုး မအောင်မြင်ပါက ပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့ ရက်ကို ရွေ့ဆိုင်းရတာ ရှိသလို ပွဲတော်မတိုင်ခင် ရောက်လာတဲ့ ဧည့်သည်တွေဟာ အမဲသား မစားလာရဘူးလို့ အီလူးဘျာစယ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ယခုနှစ်အတွက် ကြက်ရိုးထိုး ဗေဒင်ကြည့်တာနဲ့ပတ်သက်ပြီး အီးလူးဘျာစယ်က အခုလို ရှင်းပြပါတယ်။

“ဒီတစ်နှစ်တော့ နည်းနည်းဖြောင့်နေတယ်၊ ဒါပေမယ့် ကောင်းတဲ့အနေအထားမှာ ရှိပါတယ်၊ နည်းနည်းတော့ တင်းမာမှုတွေ ရှိတာပေါ့နော၊ ကောင်းတော့ ကောင်းပါတယ်။ တိုင်းပြည် အတွက်ရယ် စားဝတ်နေရေး အတွက်ရယ်တော့ ကောင်းတဲ့ အနေအထားမှာ ရှိပါတယ်။ ကျေးရွာမှာတော့ နေရဖို့ ရှိမယ်လို့ ထင်ပါတယ်။ မိုးလေဝသ အတွက်တော့ မိုးနည်းနည်း နည်းလိမ့်မယ်။ ကြက်ရိုးရဲ့ အနေအထားက ညီညာနေလို ဒီနှစ်အတွက်တော့ ကောင်းမှာပါ။ ဒါပေမယ့် ပြည့်စုံတဲ့ အနေအထားတော့ မဟုတ်ဘူး”လို့ သူက ရှင်းပြပါတယ်။

အဲ့ဒီ ကျေးရွာအနေနဲ့ နှစ်စဥ် ကေ့ထျိုးဘိုး တိုင်တော်သစ်ကို ခုတ်ယူကြပေမယ့် ကိုဗစ်ကာလကတည်းက တိုင်တော်သစ်ကြီးကို မခုတ်ဖြစ်ကြတော့ဘူးလို့ ပြောပါတယ်။

တံခွန်တိုင်တော်ကို ပူဇော်ရာမှာတော့ ကြက်ဖကြီးတစ်ကောင်နဲ့ ကြက်မကြီးတစ်ကောင် ပူဇော်ရပြီး နောက်နေ့မနက်မှာပဲ တစ်အိမ်ထောင်စုကို ကြက်ဖတစ်ကောင်စီ သီးသန့်ပူဇော်ကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ ကေ့ထျိုးဘိုး ရိုးရာကို ယုံကြည်ကိုးကွယ်တဲ့ ရွာပေါင်း ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts