spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးထိမှန်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ကျမသားကတော့ လက်မောင်းကိုထိတယ် ကွာသွားတော့ သွေးတအားထွက်တယ် တစ်ကိုယ်ပါပဲ အကုန်လုံးကိုထိတာ။ ကျမမကြည့်ရက်ဘူး။ အခုအရေးပေါ်မှာကုပေးနေတယ်ရှင့်။ ကျမအရမ်းစိတ်ပူတယ် ကျမကလေးသွေးက အရမ်းထွက်တာလေ တစ်ကိုယ်လုံးလည်းထိတာဆိုတော့” လို့ ကလေး ရဲ့ မိခင်ဖြစ်သူက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ထိခိုက်မိသွားတဲ့ ကလေးငယ်နှစ်ဦးဟာ ဆော့ကစားနေရာကနေ ခြံအတွင်းမှာရှိနေတဲ့ မိုင်းကို ထိမိပြီးပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒေသခံတစ်ဦးက “ ၁၀နာရီလောက်မှာပါ သူတို့ကစားရင်းပေါက်ကွဲသွားတာ။ နှစ်လုံးရှိတယ် အကြီးတစ်လုံးကွဲဖို့ကျန်သေးတယ်။ သူတို့က သူငယ်ချင်းတွေပါ။”လို့ ပြောပါတယ်။

ထိမှန်သွားတဲ့ကလေးနှစ်ဦးမှာ မောင်ဩဂတ်စတင်း အသက် ၉နှစ် နဲ့ မောင်ဒေးဗစ်ဂျွန်အောင် အသက် ၈ နှစ်တို့ဖြစ်ပါတယ်။ လက်ရှိမှာ ဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလက ဒေါဥခူရပ်ကွက်ဖက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံအများအပြား စစ်ရှောင်ခဲ့ရပါတယ်။

ဒေါဥခူတိုက်ပွဲအတွင်းက လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံနေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့သလို သေဆုံးသူလည်းရှိခဲ့ပါတယ်။

spot_img
spot_img