spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့နယ် စောလုံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး လူထိခိုက်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဘောလခဲမြို့နယ်အတွင်းရှိ စောလုံကျေးရွာကို ဒီကနေ့ မေလ ၁၇ ရက်နေ့ မနက်စော ၄နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

ဂျက်ဖိုက်တာ နဲ့ ဗုံးကျဲခံရမှုကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ရပြီး၊ သက်ကြီးပိုင်း အမျိုးသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျေးရွာဆေးပေးခန်း အဆောက်အအုံနှစ်လုံး၊ လူနေအိမ် ၆လုံး ပျက်စီးခဲ့ရတယ်လို့ ဘောလခဲ PDF က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၃ခုနှစ်၊ မေလ(၁၇)ရက် ဘောလခဲမြို့ စောလုံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု။
(ဓါတ်ပုံ – ဘောလခဲPDF)

ဒါ့အပြင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဘုန်ကြီးကျောင်းနဲ့ သောက်သုံးရေကန်လည်း ပျက်စီးခဲ့ပြီး တိရိစ္ဆာန်တချို့လည်း သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဘောလခဲမြို့နယ် ဝမ်ဗလကျေးရွာအနီးမှာ ဂျက်လေယာဉ်တစ်စီးနဲ့ ၅ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့ အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ၃ ဦးသေဆုံးသွားခဲ့ရပါတယ်။

မေလအစောပိုင်းကစ ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်စွဲရာနေရာတချို့ကို ဘောလခဲ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ဘောလခဲ (၁၂)မိုင်ကုန်း၊ ဝမ်မလန်းကျေးရွာဖက်ကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF၊ ဘောလခဲ PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဖက်က အနည်းဆုံး ၅ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဘောလခဲမြို့နယ်အတွင်းကို စစ်ကောင်စီတပ်ကနေ လေကြောင်းဗုံးကျဲမှု ၃ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး လူထုတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ဖို့ ပြင်ဆင်သင့်ပြီလို့ ဘောလခဲ PDF က ထုတ်ပြန်ထားပါတယ်။ ဘောလခဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲမှုတွေမှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေတာဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းသုံးတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts