spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

မိဘ ဒေသပညာရတနာ “ဝါးခမောက်”

Author

Date

Category

Simple(LmT)ရေးသားသည်။

ဒီခမောက်လေးတွေက ထီးပေါ်ဆိုရွာမှာ လုပ်တတ်လုပ်နိုင်တဲ့သူတွေ လက်ချိုးရေရင်တောင် ဆယ်ချောင်း
မပြည့်တော့ပါဘူး။ ဒီပြင်ရွာတွေမှာလည်း ဒီလိုဘဲထင်ပါရဲ့ဗျာ။ ဒီဝါးခမောက်မှ မဟုတ်ပါဘူး။ ကျန်တဲ့ဒေသလက်မှုတွေဟာလည်း ပျောက်ကွယ်လုနည်းဖြစ်နေပါပြီလေ။

အမှတ်မထင်ဘဲ ညနေခင်းတစ်ခုမှာ မရောက်တာကြာတဲ့ အကို့အိမ်ကို သွားလည်ဖြစ်ခဲ့တယ်။ အဲဒီမှာ ဒီဝါးခမောက်လှလှလေးတွေ လုပ်နေတာကို မြင်ရတော့ စိတ်ဝင်စားပြီး မေးခွန်းတချို့ကို ​မေးကြည့်ခဲ့မိတယ်။

ဒီဝါးခမောက်လေးတွေက ဝါးခွံလေးတွေကို ကောက်ပြီး ရေစိမ်ရတယ်တဲ့။ ပြီးတော့ အပ်လေးနဲ့ခြစ်ကြောင်းပေးပြီး လိုချင်တဲ့အရွယ်အစားကို လိမ်ယူရတယ်။ပြီးတော့ ပုံသွင်းဖျာယူထားတဲ့ ဝါးကျောလေးတွေကို အပ်ချည်ကြိုးလေးနဲ့ ပြန်သီချုပ်ရတယ်။

ဒါတွေလုပ်ရင် တရက် ဘယ်နှစ်လုံးပြီးလည်းဆိုတော့ မပြောတတ်ဘူးတဲ့။ အားတဲ့ချိန်လေးတွေမှာ အားသလိုလုပ်တော့ တလဆို အလုံး ၁ဝ ,၂ဝ လောက်ဘဲရတယ်တဲ့။ ကျန်တဲ့ချိန်တွေမှာတော့ တောင်ယာ
လယ်လုပ်ပေါ့တဲ့။ တောင်​ယာလယ်လုပ်ချိန်ကုန်ရင် ပြန်လုပ်ဖြစ်တာပါပဲတဲ့။

ဒီလုပ်ထားတဲ့ခမောက်လေးတွေကို ဖရူဆိုဈေးမှာ အိမ်သူကသွားရောင်းတယ်တဲ့။ တစ်လုံးကို ၂၅၀ဝ နဲ့ ၃၀၀ဝ ကြား ရတယ်ပြောတယ်။ ကလေးမုန့်ဖိုးနဲ့ အိမ်စရိတ်တချို့တော့ ရတာပေါ့တဲ့။

ဒီခမောက်လေးတစ်လုံးမှာ အိမ်သူရဲ့လက်ရာပညာလေးလည်းပါတယ်ဗျ။ ခမောက်ထိပ်က ချည်ကြိုးထုံးလေးပေါ့။ သေချာကြည့်တော့ သေသပ်ပြီး လက်ရာလေးက လှတယ်ဗျာ။ ဒါဟာအနုပညာလက်ရာတစ်ခု၊အတတ်ပညာတစ်ခု၊ လက်ဆင့်ကမ်း သင်ယူရမဲ့ရိုးရာပညာတစ်ခုဆိုတာ သိစေချင်တယ်။

spot_img
spot_img
spot_img

Recent posts