spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ရွာလုံးကျွတ်မီးရှို့ခံရတဲ့ လတူးကျေးရွာအနီး စစ်ကောင်စီတပ်က နေရာယူထားဆဲ၊ ဒေသခံတွေ နေရပ်မပြန်နိုင်သေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ အုပ်စုအတွင်းက လတူး(ကယန်းရွာ) ကျေးရွာကို နိုဝင်ဘာလ ၈ရက်နေ့မှာ စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့ပြီး စစ်ကောင်စီတပ်က နေရာယူထားဆဲဖြစ်တဲ့အတွက် ပျက်စီးမှု အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“၃၀ ကျော်လောက်ထင်တယ်။ အဲ့ဒါအသေးစိတ်တော့မသိရသေးဘူး အဲ့ရွာက အဲ့လောက်ပဲရှိမယ်။ ရှို့လိုက်တာက သေချာတယ်လေ။ အကြမ်းဖျင်းတော့ ဘားမှမသိရသေးဘူး။ ဒါပေမယ့် တစ်ရွာလုံးနီးပါးပဲလေ။ တပ်ကအားလုံးနေရာယူထားတယ်။ ဘယ်သူမှမရှိဘူး အဲ့နေရာမှာ။” လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါကျေးရွာမှာ ခန့်မှန်းအိမ်ခြေ ၃၀ ဝန်းကျင်ရှိပြီး ရွာလုံးကျွတ်နီးပါး ဖျက်ဆီးခံခဲ့ရတဲ့အတွက် မီးလောင်ပြာကျသွားတဲ့ နေအိမ်တွေ ရှိသလို ပြာမကျပေမယ့် တစ်အိမ်လုံးကို ရိုက်ဖျက်ခံထားရတဲ့ နေအိမ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

လတ်တလော တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးတဝိုက်မှာ စစ်ကောင်စီတပ်က နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကစပြီး ၉ ရက်နေ့အထိ ၈ ရက်ဆက်တိုက် ခေါင်းအိကျေးရွာအုပ်စုအတွင်းမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖယ်ခုံမြို့ပေါ်ဒေသခံအချို့နဲ့ ကျေးရွာပေါင်း ၁၄ ရွာမှ ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းမှာလည်း စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ဖယ်ခုံမြို့ရှိ ရွှေနှလုံးတော်ကက်သလစ်ဘုရားကျောင်း လက်နက်ကြီးထိမှန်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts