spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ဝှါရီဆူးပလိုင်ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းက ဝှါရီဆူပလိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် ရွာလုံးကျွတ်ဒေသခံတွေ ဖေဖော်ဝါရီ ၁၇ရက်နေ့ကတည်းက စတင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အဆိုပါကျေးရွာအတွင်း လက်နက်ကြီးကျရောက်တာကြောင့် နေအိမ်တလုံး မီးလောင်ခဲ့သလို ညပိုင်းမှာတော့ နေအိမ်အများအပြား မီးလောင်ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “မိုးဗြဲအထွက် ဝှါရီဆူးပလိုင်လို့ခေါ်တယ် အဲ့နားတစ်ဝိုက် အဲ့ဒီနားရွာဆိုရင် ဘားမှသုံးလို့မရတော့ဘူး ရွာကတော့ မီးလုံးကျွတ်လိုလိုတောင် မီးရှို့ခံရပြီပေါ့နော။ လူတွေလည်း စစ်တပ်က အလကားပစ်သေနေကြတယ် ဘယ်သူမှမကောက်ရဲတဲ့အနေအထားမျိုး ပေးဆပ်လိုက်ရပြီးပြီ။ ဆိုတော့ ဒါတွေက ပြန်မရနိုင်တော့တဲ့ စစ်ကောင်စီရဲ့ယုတ်မာမှုတွေပဲ ကျနော်တို့ပြန်လိုချင်တာ ပြန်ရနိုင်အောင်လုပ်တာတစ်ခုကတော့ စစ်ကောင်စီကို ကျနော်တို့ ဆက်တိုက်ဖို့ပဲအရေးကြီးတယ် စစ်ကောင်စီကို အမြစ်မပြုတ်နိုင်ရင်တောင်မှ အင်အားချိနဲ့သွားအောင် ကျနော်တို့ဆက်တိုက်ဖို့ကလွဲရင် ဘားမှမရှိဘူးဆိုတာ ကျနော်ပြောချင်တယ်။”လို့ ပြောပါတယ်။

မိုးဗြဲမြို့နဲ့ ထိစပ်နေတဲ့ ဝါရီဆူးပလိုင်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေထောင်ချီနေထိုင်တဲ့ကျေးရွာဖြစ်သလို မိုးဗြဲမြို့မှာ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကလည်း စစ်ရှောင်တွေ လာရောက်ခိုလှုံခဲ့ကြပြီး လက်ရှိမှာ ထပ်ဆင့် စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့က မိုးဗြဲမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကို စစ်ကောင်စီအင်အားအများအပြားက စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံကရင်နီပူးပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီကနေ့အထိ ၄ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီဖက်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ တင့်ကားတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းပစ်ကူသုံးပြီး တိုက်ခိုက်မှုကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးခဲ့ရပြီး ဒဏ်ရာရရှိသူလည်းရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီဖက်ကနေ အင်အားအများအပြားဖြည့်တင်းမှုတွေ ဆက်လက်လုပ်ဆောင်နေကြတာကြောင့် ထပ်မံတိုက်ပွဲပြင်းထန်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိကြီးစွာနေထိုင်ကြဖို့ KNDF က တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ၃ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က သေဆုံးမှု ထိခိုက်မှုရှိခဲ့သလို ကရင်နီပူးပေါင်းတပ်ဖွဲ့ဖက်ကလည်း ကျဆုံး ထိခိုက်မှုရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts