spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

ရွေးကောက်ပွဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပုံစံ ၃ (က) ဖြင့်မဲပေးနိုင်

Author

Date

Category

အန်ထော်နီ

မကြာမီကျင်းပပြုလုပ်တော့မယ့် အထွေထွေ ရွေးကောက်ပွဲမှာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိတို့ရောက်ရှိရာဒေသမှာ မဲပေးနိုင်ရေးအတွက် ပုံစံ ၃ (က) ဖြင့်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

“ ရွှေ့ပြောင်းအလုပ်သမားတွေက သူတို့က သူတို့နေထိုင်ခဲ့တဲ့ရွာတွေမှာ သူတို့နာမည်မဲစရင်းမှာမပါခဲ့ရင် ဒီမှာမဲထည့်ပြီးတော့ပေးလို့ ရတယ်ပေါ့နော်။ ပေးလို့ရတယ်ဆိုတာက ဒီမှာရက်ပေါင်း ၉၀ ကျော်နေထိုင်ခဲ့ပြီးပြီဆိုရင် နိုင်ငံသားစစ်ဆေးရေးကပ်ပြားပါခဲ့ရင်တော့ သူတို့အခုလက်ရှိလုပ်ကိုင်တဲ့နေရာမှာ အုပ်စုမှာ မဲစရင်းထည့်သွင်းပြီးတော့မှ မဲပေးလို့ရပါတယ်။” လို့ ငွေတောင်ကျေးရွာအုပ်စု ကော်မရှင်ဥက္ကဌ ဦးလှဝင်း ကပြောပါတယ်။

တစ်ချို့သောရွှေ့ပြောင်းအလုပ်သမားတွေက မိမိတို့ရဲ့အလုပ်ရှင်တွေကတဆင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေဆီမှာ နာမည်စာရင်းသွင်းပြီး လို့သိရပါတယ်။

လက်ရှိမယ်စဲ့မြို့နယ်တွင် လမ်းခင်းကျောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား ကိုဇင်မျိုးထိုက် က “ဘာတွေပြင်ဆင်နေပြီလဲဆိုတော့ အစတုန်းကတော့ ရုံးတော့သွားပြီးပြီပေါ့။ ရုံးသွားပြီးတော့ နောက်တစ်သုတ်ကျရင် မှတ်ပုံတင်ရှိတဲ့လူကို လှမ်းခေါ်မယ်လို့ ရုံးကအဲ့လိုပြောထားတယ်လေး” လို့ ရွှေ့ပြောင်းအလုပ်သမား ကို ဇင်မျိုးထိုက် ကပြောပါတယ်။

၎င်းတို့အလုပ်သမားအဖွဲ့မှာ လူဦးရေ ၂၀ ကျော်ရှိပြီး ၄ ယောက်လောက်က မှတ်ပုံတင်မပါလာတာကြောင့် နေရပ်သို့ပြန်သွားကြတယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိတို့ရောက်ရှိရာဒေသမှာ မဲပေးနိုင်ဖို့ အတွက် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစစ်ဆေးရေးကတ်ပြား နှင့်အတူ ထိုနေရာတွင် ရက်ပေါင်း ၉၀ ကျော်နေထိုင်ပြီးသူဖြစ်ရပါမယ်။

spot_img
spot_img
spot_img

Recent posts