spot_imgspot_imgspot_imgspot_img
Friday, January 3, 2025
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်ကနေ နေရပ်ပြန် ရိက္ခာသယ်ယူသူတွေကို စစ်ကောင်စီက ပစ်ခတ်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

နိုဝင်ဘာလ ၁၁ ရက်နေ့က လွိုင်ကော်မြို့မှာ (၁၁.၁၁) စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ရှမ်းပြည်ကိုတိမ်းရှောင်သွားတဲ့ ကရင်နီစစ်ရှောင်တွေဟာ စားနပ်ရိက္ခာအခက်အခဲကြောင့် နေရပ်ပြန်ပြီး ရိက္ခာနဲ့ ပစ္စည်းတွေကို သယ်ယူရာကနေ စစ်ကောင်စီရဲ့ ပစ်ခတ်မှုခံရသူရှိတယ်လို့ ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်တွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့က ရှမ်းပြည်နယ် ဗန်းမောက်ကျေးရွာမှာ စစ်ရှောင်နေတဲ့ ကရင်နီစစ်ရှောင်နှစ်ဦးဟာ နေရပ်ပြန်ပြီး သီးနှံတွေကို သယ်ယူရင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားတာရှိတယ်လို့ စစ်ရှောင်တစ်ဦးက ပြေပါတယ်။

“အစကတည်းက ပေးမပြန်ဘူးလေ။ ပေးမသွားဘူး ဗန်းမောက် ဖယ်ခုံလမ်းက။ အတင်းပြန်ပြီး ပြောင်းဖူးသယ်တော့ သယ်ပြီးအပြန်မှာ လက်နက်ကြီးနဲ့ လှမ်းပစ်ခံရလို့ တစ်ဦးပွဲချင်းသေပြီး တစ်ဦးက ဆေးရုံမှာ သေသွားတယ်”လို့ ကရင်နီစစ်ရှောင်တစ်ဦးက ပြောပါတယ်။

(၁၁.၁၁) စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ကရင်နီပြည်၊ လွိုင်ကော်ဘက်ကနေ ရှမ်းပြည်ကို သွားတဲ့လမ်းတချို့ကို စစ်ကောင်စီတပ်တွေ ပိတ်ဆို့ထားတာရှိသလို ရှောင်တခင် စစ်ဆေးမှုတွေပြုလုပ်တဲ့ လမ်းတွေလည်း ရှိတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

လွိုင်ကော်နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူတဲ့ ကရင်နီစစ်ရှောင်တချို့ဟာလည်း စစ်ကောင်စီတပ်တွေရဲ့ ရှောင်တခင်စစ်ဆေးမှုတွေနဲ့ ကြုံတွေ့ရတာရှိသလို၊ ဓားထောက်ပြီး ခြိမ်းခြောက်စစ်ဆေးတာတွေနဲ့လည်း ကြုံတွေ့ရတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“ပစ္စည်းတွေပါရင် အစကတည်းက ပေးမဖြတ်တာ။ မဖြစ်မနေသယ်ရတော့ ဖြစ်ချင်တော့ အဲ့ရက် ဖြတ်လမ်းမှာ ရှောင်တခင် စစ်တာနဲ့တိုးလို့ ဓါးထောက်ပြီး စစ်ဆေးခံရတယ်”လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

လွိုင်ကော်မြို့တွင်းတိုက်ပွဲကြောင့် ရှမ်းပြည်ကိုရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင် ၃သောင်းဝန်းကျင်ရှိနေပြီး ရှမ်းပြည် နယ်ခံတွေက နေထိုင်ရေးနဲ့ စားနပ်ရိက္ခာအတွက် ကူညီဆောင်ရွက်နေကြပေမဲ့ စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ စားနပ်ရိက္ခာလိုအပ်ချက်က ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts