spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အစိုးရစစ်တပ်က ဒေသခံများကို လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် အစိုးရစစ်တပ်က ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးချိုးဖောက်မှုမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းထုတ်ပြန်ချက်ကို မနေ့ကထုတ်ပြန်ထားပါတယ်။

သတင်းထုတ်ပြန်ချက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းရွက်လွင်ကတော့ သတင်းထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။

“ ကမ္ဘာ့ကပ်နဲ့ဆိုရင် မြန်မာအစိုးရစစ်တပ်က ကာကွယ်ပေးရမယ့်အခြေအနေလည်းဖြစ်သလို နိုင်ငံအသီးသီးမှာလည်းဒီဟာကိုအင်တိုက်အားတိုက်နဲ့ ရုန်းကန်နေတဲ့အချိန်မှာ မြန်မာအစိုးရစစ်တပ်ကဆန့်ကျင်တယ်ပေါ့အဲ့ဒါကြောင့်ထုတ်ပြန်ရတာပါ။ အပြစ်မဲ့တဲ့ရွာသားတွေကို ခြိမ်းခြောက်တာတို့ လူ့အခွင့်အရေးချိုးဖောက်တာတို့ကို ရပ်တန့်စေချင်တာပေါ့နော့။” လို့ ပြောပါတယ်။

အစိုးရစစ်တပ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ရှမ်းစစ်သားများကို ရိက္ခာမပေးရန် ရွာသူကြီးကို ခြိမ်းခြောက်ထားမှုလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မိုင်းတုံမြို့နယ်ရွာလူကြီးကို လမ်းပြအဖြစ် မတ်လ၂၅ ရက်နေ့က တိုက်ပွဲထဲခေါ်သွားခြင်း၊ ဝမ်လုံးစံရွာသား ၆ယောက်ကို ရိက္ခာသယ်ပို့ပေးဖို့ ဧပြီလ၅ရက်နေ့တွင် စေခိုင်းခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိတယ်။

spot_img
spot_img
spot_img

Recent posts