spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ည လူခြေတိတ်ချိန် စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းသွားသော သစ်မှောင်ခိုကားများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)။       ။

တရားမဝင်သစ် သယ်ဆောင်ယူမှု၌ လာဘ်စားခြင်းကြောင့် ပါဝင်ပတ်သက်ခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများကို မကြာသေးမီက အရေးယူခဲ့သော်လည်း သစ်ကားများ ညအခါ၌ ဖြတ်သန်းလျှက်ရှိနေသည်ကို ကန္တာရဝတီတိုင်း(မ်)မှ တွေ့ရှိရသည်။

ယနေ့အထိ ကယားပြည်နယ်အတွင်း စီးပွားဖြစ်သစ်မှောင်ခိုသယ်ဆောင်မှုများ နေရက်တိုင်းနီးပါး သစ်မှောင်ခိုသယ်ဆောင်သူများက နည်းအမျိုးမျိုး လမ်းကြောင်းအမျိုးမျိုးဖြင့် သယ်ဆောင်လျှက်ရှိနေဆဲဖြစ်ကြောင်းနှင့် မကြာခဏဆိုသလို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေရသည်ဟု ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်မှ ကန္တာရဝတီတိုင်း(မ်)ထံ ပြောကြားထားသည်။

သို့သော်လည်း ယင်းကဲ့သို့သော အခြေအနေမှာပင် သစ်မှောင်ခိုကားများသည် အာဏာပိုင်များ၏ ဂိတ်များကို ဖြတ်သန်းသွားလာနေသည်ကို ဧပြီလ ၂၂ ရက်နေ့ မနက် ၂ နာရီဝန်းကျင်အချိန်က ဖရူဆိုမြို့မ ရဲစခန်းအနီး၌ ကန္တာရဝတီတိုင်း(မ်)မှ တွေ့ရှိ မှတ်တမ်းတင်ထားသည်။

အဆိုပါဂိတ်အရှေ့အရောက်တွင် ယင်းသစ်တင်ကားသည် ခေတ္တရပ်နားလိုက်ပြီး ကားပေါ်မှ လူတစ်ဦးသည် စစ်ဆေးရေးဂိတ်သို့ သွားရောက်ခဲ့သည်။ ၅ မိနစ်ခန့်အကြာတွင် သစ်တင်ကားမှ ဆင်သက်သွားသောသူသည် ပြန်ထွက်လာပြီး ၎င်း၏ သစ်တင်ကားကို မောင်းထွက်သွားသည်ကို တွေ့ရှိခဲ့ရသည်။

ဧပြီလ ၂၂ ရက်နေ့ မနက် ၂ ရက်နေ့ နံနက်၂၃ မိနစ်အချိန်၌ ဖရူဆိုမြို့နယ် မြို့မရဲစခန်းအနီး စစ်ဆေးရေးးဂိတ်ကို ကျော်ဖြတ်မောင်းနှင်သွားသော သစ်တင်ကားတစ်စီးကို တွေ့ရစဉ် ဓါတ်ပုံ/ကန္တာရဝတီတိုင်း(မ်)

ဘောလခဲမြို့နယ်အတွင်း သစ်တင်ယာဉ်များ သယ်ဆောင်ဖြတ်သန်းမှုကိစ္စ၌ ဌာနဆိုင်ရာ(၁၀)ခုမှ အခကြေးငွေများ တောင်ခံလျှက်ရှိကြောင်း သိရှိရသည့်ကိစ္စပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက်ပေးပို့ခဲ့သည်။ ယင်းနောက် ဆိုင်ရာဌာနအလိုက်တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးခဲ့ကာ အရေးယူမှုများ ပြုလုပ်ခဲ့သည်။

သစ်တင်ယာဉ်များ ဖြတ်သန်းသယ်ဆောင်မှုအပေါ် သတင်းတင်ပြရန် ပျက်ကွက်ခဲ့ခြင်းအပြင် သစ်တင်ယာဉ်များတွင် လက်နက်ကိုင် ပါရှိသည့်အကြောင်းပြချက်ဖြင့် ငွေကြေးများ လက်ခံရယူခဲ့ခြင်းကြောင့် ဘောလခဲမြို့နယ် သစ်တောဦးဌာန၏ သစ်တောဝန်ထမ်းများကို နိုင်ငံဝန်ထမ်း နည်းဥပဒေ ၁၆၂ နှင့် ၁၆၃၊ ပုဒ်မခွဲ (ဌ)၊ (ဍ)အရ အရေးယူလိုက်ခြင်းဖြစ်သည်။

ထို့နောက် သစ်တောဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်ခြင်းနှင့် ရာထူးလျော့ခြင်း၊ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူများကို ပြင်ထန်းသော အရေးယူမှုများပြုလုပ်ခဲ့သည်။ သို့သော်လည်း ယင်းဌာန(၁၀)အနက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးမှူးဌာနနှင့် ရဲတပ်ဖွဲ့များကိုမူ အနည်းငယ်သော အရေးယူမှုနှင့် သတိပေးချက်ထုတ်ပြန်ရုံလောက်သာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

ဧပြီလ ၂၂ ရက်နေ့ မနက် ၂ နာရီဝန်းကျင် အချိန်၌ ဖရူဆိုမြို့နယ် မြို့မရဲစခန်းအနီး စစ်ဆေးရေးးဂိတ်ကို ကျော်ဖြတ်မောင်းနှင်သွားသော သစ်တင်ကားတစ်စီးကို တွေ့ရစဉ် ဓါတ်ပုံ/ကန္တာရဝတီတိုင်း(မ်)

ယင်းကိစ္စနှင့် ပတ်သက်၍ ဘောလခဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကို မေးမြန်ခဲ့ရာ “လောလော သူ့ကိုလည်း ၆ လ မှတ်တမ်းတင် သတိပေးထားတယ်။ စာနဲ့ထုတ်ထားတယ် သူနောက်ထပ် မဖြစ်ဖို့ပေါ့ ဝန်ထမ်းဥပဒေအတိုင်း” အခကြေးငွေလက်ခံရယူရာတွင် ပါဝင်ပတ်သက်ခဲ့သော ရုံးဝန်ထမ်းအား အရေးယူထားမှုအခြေအနေကို ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

ယခုသစ်ထုတ်ရာသီအတွင်း ကယားပြည်နယ်၌ တရားဝင်သစ်ထုတ်လုပ်ခွင့် ပိတ်ပင်ထားသည်။  ယခင်နှစ် ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ်အတွင်း၌ တရားမဝင်သစ်အမျိုးအစားအလိုက် တန်ပေါင်း ၆၀ဝ ကျော် ဖမ်းဆီးရရှိခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

spot_img
spot_img

Recent posts