spot_imgspot_imgspot_imgspot_img
Saturday, July 6, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်မှာ ပြန်လာနေထိုင်ကြတဲ့ ပြည်သူတချို့ကို စစ်ကောင်စီက ဆန် နဲ့ ငွေကြေး ထောက်ပံ့ပေး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက် နဲ့ ကျေးရွာတချို့မှာ ပြန်လာနေထိုင်ကြတဲ့ ဒေသခံတချို့ကို စစ်ကောင်စီဖက်က ဆန် နဲ့ ငွေကြေး ထောက်ပံ့ပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

၁ လေးလုံး စစ်ဆင်ရေး စတင်ပြီးနောက် နီးစပ်တဲ့ ရှမ်းပြည်နယ်ကို တိမ်းရှောင်ကြတဲ့ ဒေသခံတွေဟာ လက်ရှိမှာ လွိုင်ကော်မြို့ကို ပြန်ဝင်လာကြတယ်လို့ သိရပါတယ်။ ပြန်ဝင်လာတဲ့ ဒေသခံတချို့ကို စစ်ကောင်စီက လူတစ်ဦးလျှင် ဆန် ၂ ပြည် ၊ ပိုက်ဆံ ၂ သောင်း ထောက်ပံ့ပြီး ၁၈နှစ်အထက်ကိုသာ ပေးတယ်လို့ လွိုင်ကော်ဒေသခံတစ်ဦးကကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ ဆန်နဲ့ ပိုက်ဆံတော့ ဝေပေးတယ် ၄ ကြိမ်ရှိပြီ။ စစ်ကောင်စီဖက်က ဒကစမှူး ဇော်မျိုးထွန်းပေးတာပေါ့။ တစ်ယောက်ကို ဆန် ၂ ပြည် ပိုက်ဆံ ၂သောင်းပေးတယ်။ ၄ ကြိမ်ရှိပြီပေးတာ။ တစ်လ တစ်ကြိမ်ထင်တယ်။ ရတာခြင်းတော့ မကွာဘူး။ ၁၈ နှစ်ကနေ စပေးတယ်ပြောတာ။ ကလေးတွေအတွက်တော့ မပါဘူး။”လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ထောက်ပံ့မှုတွေပေးနေပေမ​ယ့် နေရပ်ပြန်တဲ့သူတွေထဲ တစ်ကြိမ်မှ မရရှိသူတွေလည်း ရှိနေတယ်လို့ ကန္တာရဝတီတိုင်း ( မ် ) ကနေ စုံစမ်းသိရှိရပါတယ်။ လက်ရှိ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ ပြန်လာနေထိုင်သူတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကနေ ပြည်သူတွေကို အခုလို ထောက်ပံ့ပေးတာဟာ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နိုင်အောင် ဝါဒဖြန့်လုပ်ဆောင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ ငွေကြေးနဲ့ပေါ့နော် မျှားခေါ်ပြီးတော့ သူတို့အုပ်ချုပ်ရေးလည်ပတ်နေတဲ့ ပုံစံမျိုးပေါက်အောင်တော့ အမျိုးမျိုးဝါဒဖြန့်မှာပဲပေါ့နော်။ အမျိုးမျိုး သူတို့ကြိုးစားတယ်။ လွိုင်ကော်မြို့မှာကတော့ ၁လေးလုံး စစ်ဆင်ရေးနောက်ပိုင်းမှာ စစ်မြေပြင် ဖြစ်သွားတဲ့အတွက် ဒါ စစ်ကောင်စီဖက်ကနေပြီးတော့မှာ လက်နက်ကြီးတွေကော လေယာဥ်တွေကော အများကြီးအသုံးပြုထားတယ်ပေ့ါနော်။ ဆိုတော့ ပြန်လာနေလို့ အဆင်ပြေတဲ့ အခြေအနေမျိုးမှာတော့ မရှိသေးဘူး။ အဲ့ဒီအခြေအနေမျိုးမှာ စစ်ကောင်စီက သူ့ရဲ့ အထက်လူကြီးတွေပဲပြောပြော ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင်ပဲ ပြောပြောပေါ့နော် ဒီ အုပ်ချုပ်ရေးလည်ပတ်နိုင်တဲ့ ပုံစံမျိုးဖြစ်အောင်အမျိုးမျိုး လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်” လို့ တာအယ်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁ လေးလုံးစစ်ဆင်ရေးဟာ မပြီးဆုံးသေးတာကြောင့် ပြည်သူတွေအနေနဲ့ လွိုင်ကော်မြို့ကို မပြန်ကြသေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပါတယ်။ ဒါ့အပြင် IEC ကနေ အသိပေးစာထုတ်ပြန်ထားတယ်လို့လည်း ဆိုပါတယ်။

“ဒီဟာက စစ်ကောင်စီရဲ့ ယန္တရားအောက်မှာ ပြန်ရောက်သွားပြီ စစ်ကောင်စီရဲ့ ပြန်လည်ပတ်ဖို့အတွက် သူတို့ကို ပြန်ပြီး ကူညီသလို ဖြစ်သွားတာပေါ့နော်။ ဒါကြောင့်မို့ ကျနော်တို့ IEC ကတော့ အသိပေးရုံကလွဲလို့ ဘာမှ လုပ်ပေးနိုင်စရာအကြောင်း မရှိသေးဘူးပေါ့နော်။”လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ လောဓမ၊ မင်းစု၊ ကြည်သာယာ၊ နန့်ဘော်ဝမ်၊ ဧက ၅၀၀ စတဲ့ ရပ်ကွက်တွေ နဲ့ သီရိမင်္ဂလာ တောင်စျေး ပတ်ဝန်းကျင်တွေမှာ မြို့ခံတွေ အများစု ပြန်လာနေထိုင်ကြတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ လက်ရှိအချိန်အထိ ပြည်နယ်ဥပ​ဒေချုပ်ရုံး၊ ပြည်နယ်တရားရေး ဦးစီးမှူးရုံး၊ ပြည်နယ်ပညာရေးမှူးရုံး၊ လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးနဲ့၊ ဝန်ထမ်းအိမ်ယာတွေ ပြန်လည်ဖွင့်လှစ်ပြီးလည်ပတ်နေပြီလို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts