spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ အမဲရောင် အထုပ်တွေချပေးနေ၊ တိုက်ပွဲတွေ ပြင်းထန်နေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့မှာ ဒီကနေ့ ( နိုဝင်ဘာလ ၁၆ ရက်နေ့) နေ့ခင်းပိုင်းမှာ လွိုင်ကော်မြို့ပေါ်ရှိ ၅၄ တပ်နဲ့ လောပီတဖက်ကို လေယာဉ်ပေါ်ကနေ အမဲရောင်အထုပ်တွေကို လေထီးနဲ့ ချပေးနေတာကို တွေ့ရတယ်လို့ လွိုင်ကော်မြို့က ဒေသခံတွေက ပြောပါတယ်။

“အဲ့လိုအထုပ်တွေ ၅၄ တို့ ပြီးတော့ လောပီတဖက်ကို ချပေးနေတာ၊ ရိက္ခာတွေ ဖြစ်နိုင်တယ်။ တစ်မြို့လုံးနီးပါး မြင်ရတယ်။ လူတွေ အကုန်ဝိုင်းကြည့်နေကြတာ။ ဒီနေ့ ခရီးသည်တင် လေယာဉ်တွေ့တယ် ပျံသွားတာ။ အဲ့ဒါဘဲ ဖြစ်နိုင်တယ်။” လို့ လွိုင်ကော်မြို့နေ ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ မြို့ပြစစ်ဆင်ရေးဟာ ဒီကနေ့မှာတော့ ၆ ရက်မြောက် ရှိလာပြီ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က လေကြောင်း နဲ့ လက်နက်ကြီးတွေကိုတော့ နေ့စဉ်အသုံးပြု ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲတွေ ဖြစ်တယ်။ လက်နက်ကြီးကတော့ တောက်လျှောက်ပစ်နေတာဘဲ။ ကိုယ့်အိမ်ပေါ် လက်နက်ကြီး မကျပါစေနဲ့ ဆုတောင်းနေရတယ်။ လေယာဉ်ကတော့ နေ့တိုင်းကြဲဘဲ။ ခုနကလည်း ကြဲပြန်ပြီ။” လို့ နောက်ထပ်မြို့ခံတစ်ဦးက ဒီကနေ့ရဲ့ လွိုင်ကော်မြို့တွင်းအခြေအနေကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေစပြီး ၁ လေးလုံးစစ်ဆင်ရေးကို တော်လှန်ရေးအင်အားစုတွေကနေ ပူးပေါင်းဆင်နွှဲလာခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကို အဆမတန် အသုံးပြုပြီး လူထုတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတယ်လို့ ဒေသခံတွေလည်း ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်က လောပီတဖက်ကို စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

spot_img
spot_img
spot_img

Recent posts