spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

သစ်တောမြေကျူးကျော်သူ၅ဦးကို တရားစွဲသည့်အပေါ် တရားမျှတမှုမရှိဟု ဒေသခံများပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် မယ်စဲ့မြို့နယ်အတွင်း သစ်တောမြေများကို ကျူးကျော်သည်ဟုဆိုကာ ဒေသခံ ၅ ဦးအား တရားစွဲထားသည့်အပေါ် တရားမျှတမှုမရှိကြောင်း တရားစွဲဆိုခံရသည့်သူများကို ဆိုပါသည်။

“သစ်တောကျုးကျော်တွေ အများကြီးရှိတယ်။ ကိုယ့်ဟာကိုပဲ သိမ်းရမလားပေါ့။ အရင်တုန်းက ကျမတို့ယူတော့ ချောက်ကြီး၊ အဲ့ဒါကြီးကို မြေဖို့ပီးကောင်းသွားပီဆိုမှ အဲ့ဒါကိုမြင်ပီး သူတို့ကလာသိမ်းတယ်။” ဟု တရားစွဲဆိုခံရသူ ဒေါ်ဖြိုးဖြိုးဆွေက ကန္တာရဝတီတိုင်း(မ်)သို့ ပြောပါသည်။

၂၀၁၂ ခုနှစ်တွင် ဝယ်ထားတာဖြစ်ပြီး ချောက်ကြီးကိုမြေဖို့လိုက်ပြီးနောက် သစ်တောဦးစီးဌာနမှ ယခုအခါ သစ်တောကျူးကျော်ဟုဆိုကာ တရားစွဲဆိုလိုက်သည်ဟုဆိုပါသည်။

မယ်စဲမြို့ပြင် လမ်းဘေးနေရာများတွင် သစ်တောနေရာကို ကျူးကျော်သည့်သူ စာရင်းမှာ ၁၅ ဦးရှိနေပြီး ၅ဦးကိုသာ တရားစွဲဆိုထားခြင်းဖြစ်သည်။

၎င်းသစ်တောမြေဟုဆိုထားသည့်မြေတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်၏ အစ်မဖြစ်သူပါဝင်နေသော်လည်း တရားစွဲဆိုခြင်းမရှိသည့်အတွက် တရားမျှတမှုမရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

မယ်စဲမြို့ပြင် လမ်းမကြီးဘေးနေရာတွင် ပန်းခြံပြုလုပ်ရန် ပြည်နယ်အစိုးရမှစီစဉ်ထားသည်ဟုလည်း သိရသည်။

၎င်းနေရာများတွင် နှစ်ရှည်ပင်များ၊ ငှက်ပျော်ပင်များ၊ ဖာလာပင်များစိုက်ပျိုးထားသူ တချို့ရှိနေသည်။ ၁၉၉၈ ခုနှစ်အတွင်း သီးနှံခြံစိုက်ပျိုးလျက်ရှိပြီး လက်ရှိတွင် သစ်တောကျူးကျော်သည်ဟုဆိုကာ တရားစွဲဆိုခံနေရသည်ဟု ဦးကောင်းမြတ်သူက ပြောပါသည်။

“ အဲ့ချိန်တုန်းက သစ်တောရုံးတောင်မှ မရှိသေးပါဘူး အခုက သစ်တောကျုူးဆိုပီးတော တရားဆွဲတယ် ၊တရားဆွဲနေတဲ့အချိန်မာပဲ ကျွန်တော့် ခြံထဲမှှာ အဆောက်အဦးတွေလာ ဆောက်တယ်။” ဟု ဦးကောင်းမြတ်သူက ပြောပါသည်။

တရားစွဲခံရသူ ၅ဦးကို သစ်တော ဥပဒေအရ တရားစွဲဆိုထားပြီး ရုံးချိန်း ၃ ကြိမ်ရှိနေပြီဖြစ်သည်ဟု သိရသည်။

တရားစွဲဆိုခံနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး ၎င်းက ပြည်နယ်လွှတ်တော်ရုံးသို့ တိုင်ကြားစာပေးပို့ခဲ့သည့်အတွက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လွှတ်တော်ကော်မတီဖြစ်သည့် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး ကော်မတီ အဖွဲ့မှ ကွင်းဆင်း ကြည့်ရှုပြီး အစိုးရ ဌာနဆိုင်ရာနှင့် တရားစွဲခံပြည်သူတွေအကြားညှိနှိုင်းပေးနေသည်ဟု သိရသည်။

spot_img
spot_img

Recent posts