spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

သုံးလတာအတွင်း အမျိုးသမီးသေဆုံးသူ (၅၆)ဦးထိရှိကြောင်း BWU ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၂၃ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလ ၂၈ ရက်နေ့အထိ သုံးလတာအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းအတိုင်းအတာအရ အမျိုးသမီးသေဆုံးသူ (၅၆)ဦးထိ ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က အောက်တိုဘာလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးခဲ့သွား အမျိုးသမီး (၅၆)ဦးထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၆) ဦး၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသူ (၃၀) ဦး၊ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အမျိုးသမီး (၁) ဦး၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ (၃) ဦး၊ ပစ်သတ်ခံရတဲ့ အမျိုးသမီး စုစုပေါင်း (၁၃) ဦး၊ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ (၁) ဦး၊ ရိုက်နှက်ခြင်း ခံရ၍ သေဆုံးသူ (၂) ဦး ရှိခဲ့တယ်လို့ BWU က ဖော်ပြပါတယ်။

အထက်ပါ ဖော်ပြချက်တွေဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ အချက်အလက်ပေါ် အခြေခံပြီး BWU က စာရင်းပြုစုထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၃ ဇူလိုင်လမှ စက်တင်ဘာလ ၂၈ရက်နေ့အထိ အမျိုးသမီးတွေ သေဆုံးမှုရှိသလို ဖမ်းဆီးခံရသူလည်း ၄၃ ဦးရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ရက်နေ့က ဖရူဆိုမြို့နယ် လောကျေခူကျေးရွာက အသက် ၅၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသမီးဟာ ရိက္ခာပြန်ယူရင်း နေအိမ်ခြံဝန်းမှာ စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းနင်းမိပြီး သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၃ စက်တင်ဘာလ (၂၈) ရက်နေ့အထိ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီး (၆၁၄)ဦး နဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူ အမျိုးသမီး စုစုပေါင်း (၃၁၇၅) ဦး ထိ ရှိနေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက စစ်ဖြစ်ပွားတဲ့ ပြည်နယ်၊ တိုင်းဒေသတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာ၊ စစ်ရှောင်စခန်းအထိ လက်နက်ကြီး၊ လေယာဉ်ပစ်ခတ်မှုတွေကို မကြာခဏ လုပ်ဆောင်နေတာကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှု၊ အိုးအိမ်ပျက်စီးမှုတွေလည်း ရှိနေတယ်လို စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောကြပါတယ်။

spot_img
spot_img
spot_img

Recent posts