spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

အခြေခံပညာကျောင်းများတွင် ယခုစာသင်နှစ်အတွက် အမျိုးအစား(၄)မျိုးဖြင့် သင်ကြားနိုင်ရန်စီစဉ်ထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကိုဗစ်ကာလအတွင်း ကျောင်းပြန်ဖွင့်လှစ်နိုင်ဖို့ အခြေခံပညာအထက်တန်းကျောင်းတွေမှာ စာသင်ကြားတဲ့အခါ အမျိုးအစား(၄)မျိုးဖြင့် သင်ကြားနိုင်ရန် စီစဉ်ထားတယ်လို့ ကယားပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးလူဆီးယာနိုကပြောပါတယ်။

“ကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် MOHs ပေါ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အတိုင်း Social Distancing ဖြစ်အောင် ကျောင်းတွေမှာ စာသင်ခန်းတစ်ခန်းကို ကျောင်းသား ၂၀ အထက်မပို ထည့်ပြီးတော့မှ သင်ကြားသွားမှာဖြစ်ပါတယ်။ အဲလိုဆောင်ရွက်တဲ့နေရာမှာ ကျောင်းသားဦးရေ နောက်ပြီးတော့မှ စာသင်ခန်း နောက် ဆရာ/ဆရာမဦးရေ စာသင်ခုံဦးရေအပေါ်မှာ မူတည်ပြီးတော့မှ အမျိုးအစား (၄)မျိုးဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။ ၂၀၂၀-၂၁ပညာသင်နှစ်အတွက် ပုံမှန်အားဖြင့် စာသင်နှစ်ကို ဇွန်လတစ်ရက်နေ့စတာပေါ့ ” လို့ ပညာရေးမှူးဦးလူဆီးယာနိုကပြောပါတယ်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် သင်တန်းတက်ရောက်နေကြတဲ့ ကျောင်းဆရာ/မများ မြင်တွေ့ရစဉ်။

ကျောင်းသားဦးရေအပေါ်မူတည်ပြီး ပုံမှန်တက်နိုင်တဲ့ကျောင်းက တစ်အုပ်စု၊ ကျောင်းဆရာ ဆရာမဦးရေ စာသင်ခန်း စာသင်ခုံပေါ်မူတည်ပြီး နှစ်သုတ်တက်မယ့် တစ်အုပ်စု၊ ကျောင်းသားဦးရေများမယ်ဆိုရင် နှစ်သုတ်တက် တစ်ပတ်ခြား တစ်အုပ်စု၊ နှစ်သုတ်တက် သုံးရက်တစ်ပတ်ခြားက တစ်အုပ်စု ဆိုပြီး အမျိုးအစား(၄)မျိုးနဲ့ စီစဉ်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၂၁ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်း ကို စတင်ဖွင့်လှစ်မယ့်အကြောင်း တရားဝင်ကြေညာတားဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ကျောင်းသားဦးရေ အရမ်းများတဲ့ကျောင်းမရှိတဲ့အတွက် နှစ်သုတ်တက် သုံးရက်(တစ်ပတ်ခြား) ဖွင့်မယ့်အုပ်စုမရှိတာကြောင့် ပုံမှန်တက်နိုင်တဲ့ တစ်သုတ်တက်၊ နှစ်သုတ်တက်၊ နှစ်သုတ်တက်(တစ်ပတ်ခြား) စတဲ့ အမျိုးအစားသုံးမျိုးနဲ့သာ သင်ကြားသွားမယ်လို့ ပညာရေးမှူးကဆိုပါတယ်။

ဇူလိုင် ၂၁ရက်နေ့မှာ အခြေခံပညာကျောင်းတွေမှာ ၈၊ ၉၊ ၁၀တန်း အထက်တန်းအဆင့်ကို စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီး တစ်ပတ်အကြာမှာ အလယ်တန်းအဆင့်ကိုဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

၎င်းအခြေအနေအပေါ်မူတည်ပြီးတော့ မူလတန်းအဆင့်ကို ဆက်လက်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ပညာရေးဌာနအနေနဲ့ ကိုဗစ်ကာကွယ်ရေးအတွက် ကျောင်းဖွင့်တဲ့အချိန်မှာ ကျောင်းဝင်ပေါက်မှာကတည်းက လူစုလူဝေးမဖြစ်အောင် ၆ပေခြားပြီးဝင်ခိုင်းမှာဖြစ်ပြီး ကျောင်းသားဦးရေ တစ်ရာကို ကိုယ်ပူချိန်တိုင်းဖို့ သာမိုမီတာတစ်ခုနှုန်းနဲ့ တိုင်းတာဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေအတွက်လည်း တစ်ယောက်ကို Mask ၂နှုန်း၊ Face Shield တစ်ခု၊ Hand Gel၊ လက်ဆေးဖို့ ဘေစင် စတာတွေကို ကျောင်းတိုင်းမှာဖြန့်ဝေပေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။

ကျောင်းတက်တဲ့အချိန်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် စိုးရိမ်စရာမရှိဘူးလို့ ကျောင်းသားမိဘတစ်ဦးကဆိုပါတယ်။

“ဇူလိုင်လမှာစဖွင့်မယ့် အထက်တန်းကတော့ ကျတော်ထင်ပါတယ် သိပ်စိုးရိမ်စရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးကထုတ်ပြန်ထားတဲ့အတိုင်း သူတို့နေရာချထားမှုတွေ သူတို့ရဲ့လုပ်ငန်းစဉ်ဆောင်ရွက်မှုတွေ တစ်ကိုယ်ရေသန့်ရှင်းမှုကစ Mask တပ်ဆင်မှုကအဆုံးပေါ့နော သူတို့ဆောင်ရွက်ပေးနေတော့ သိပ်စိုးရိမ်စရာတော့မရှိဘူး။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ကာကွယ်မှုကိုဆောင်ရွက်နိုင်မှပဲ အခြားသောသူကိုမကူးစက်မှာလေ။ ကိုယ်တိုင်က အထိရောက်ဆုံးဆောင်ရွက်ဖို့တော့အရမ်းအရေးကြီးတယ်လို့ ကျတော်မြင်ပါတယ်” လို့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ခူးဖဲညွှန့်ရယ်က ဆိုပါတယ်။

ကျောင်းဖွင့်တဲ့အခါ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေဖြစ်တဲ့ မိဘများလိုက်နာဆောင်ရွက်ရမယ့်စည်းကမ်းချက်၊ ကျောင်းသူကျောင်းသားကိုယ်တိုင် လိုက်နာဆောင်ရွက်ရမယ့်အချက်၊ ကျောင်းဆရာ/မများ လိုက်နာဆောင်ရွကရမယ့် အချက်တွေကို ကျောင်းအပ်နှံရေးကာလမှာ အသေးစိတ်ထပ်မံထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ကျောင်းဖွင့်ကာလအတွင်း ပြည်နယ်မှာ ကိုဗစ်ကူးစက်တာတွေဖြစ်ပေါ်လာမယ်ဆိုရင် အခြေအနေအရ ကျောင်းကိုပိတ်ဖို့စီစဉ်ထားတယ်လို့ ပညာရေးမှူးဦးလူဆီးယာနိုကဆိုပါတယ်။

“တကယ်လို့ ကျောင်းတက်ရင်းတန်းလန်းနဲ့ တစ်ခုခုပေါ့လေ ကိုဗစ်ကူးစက်တာတွေ ပေါ်လာမယ်ဆိုရင် ချက်ချင်းကျောင်းပြန်ပိတ်မှာဖြစ်ပါတယ်။ ဒါကအခြေအနေအပေါ်မှာပဲမူတည်ပါတယ်။ ဝန်ကြီးဌာနကပြောပြီးသားဖြစ်ပါတယ် ပိုးတွေ့မယ်ဆိုရင် ချက်ချင်းပြန်ပိတ်မယ်ပေါ့။ အခြေအနေအရပေါ့နော ဖြစ်လာပြီဆိုရင် အဆင့်ဆင့်သတင်းပို့ရတာပေါ့နော ဒီလိုအခြေအနေရှိတယ် ပိတ်ပါဆိုရင် ကျတော်တို့ကပိတ်ရမယ်။ ကျတော်တို့တစ်ယောက်တည်းနဲ့ ကျတော့်အဆင့်နဲ့ ဆုံးဖြတ်ချက်ချလို့မရပါဘူး ဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ၎င်းကရှင်းပြပါတယ်။

မြို့နယ်အလိုက် တစ်သုတ်တက်ကျောင်းစာရင်းမှာ(၃၀၄)ကျောင်း၊ နှစ်သုတ်တက်ကျောင်းစာရင်းမှာ(၁၂၀) ကျာင်း၊ နှစ်သုတ်တက်(တစ်ပတ်ခြား) ကျောင်းစာရင်းမှာ ၂၉ကျာင်း ရှိတယ်လို့ ပညာရေးမှူးရဲ့ပြောပြချက်အရ သိရပါတယ်။

ကယားပြည်နယ်မှာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ဆိုပြီး ကျောင်းပေါင်း (၄၅၃)ကျောင်းရှိပြီး ၂၀၁၉-၂၀၂၀ပညာသင်နှစ်ကျောင်းသားစာရင်းမှာ ၃သောင်းကျော်ရှိတယ်လို့ ပြည်နယ်ပညာရေးရုံးရဲ့အချက်အလက်အရသိရပါတယ်။

spot_img
spot_img

Recent posts