spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

အသက်(၆၀) ကျော်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦး ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေ

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ အသက် ၆၀ ကျော် စစ်ရှောင်အမျိုးတစ်ဦးဟာ ပြီးခဲ့တဲ့ မေလ ပထမအပတ်မှာ ကျန်းမာရေး အခြေအနေကြောင့် စစ်ဘေးရှောင်တစ်နေရာမှာ ကျန်ရစ်ခဲ့ပြီး လက်ရှိမှာ ဆေးကုသမှုလိုအပ်နေတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်ရှောင်တဲ့နေရာမှာ ခြေလျင်နဲ့ သွားရတာဖြစ်တဲ့အတွက် ခြေထောက် ဖောင်းကားပြီး အနာလို ဒဏ်ရာလည်း ရရှိထားပါတယ်။

” စစ်ရှောင်တာက များတယ်လေနော၊ တစ်ဆင့်ပြီး တစ်ဆင့် ပြေးရတယ်ဆိုတော့ အခုက ခြေလျင်နဲ့ သွားရတာလေ၊ ဘွတ်ဖိနတ်စီးတာ အခုလိုဖြစ်သွားတာ ” လို့ အဆိုပါ စစ်ရှောင်အမျိုးသားနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ အသက် (၆၀)ကျော် စစ်ရှောင်အမျိုးသားဟာ ထီးသဲကလိုးကျေးရွာကဖြစ်ပြီး မိသားစုဝင် ၆ဦးရှိတယ်လို့သိရပါတယ်။ ၎င်းမှာ အသက် ၁၃နှစ်အရွယ် မသန်စွမ်း သားတစ်ဦးလည်းရှိပါတယ်။

လက်ရှိမှာ ကျန်းမာရေး စောင့်ရှောက်မှုမရတဲ့အပြင် ဒေသတွင်း တိုက်ပွဲတွေကလည်း နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး ကိုယ်ထူကိုယ်ထ ဆေးပေးခန်းလည်း ပိတ်ထားတာ ၃ လကျော်ရှိနေပြီဖြစ်တဲ့အတွက် ဆေးကုသဖို့အတွက် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၁၃၀ ကျော်၊ လူဦးရေ ၄၀၀ ကျော်ရှိတဲ့ ထီးသဲကလိုးကျေးရွာမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်ခြေ ၁၀လုံးထိခိုက်ပျက်စီးပြီး စပါးကျီ ၃လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကျေးရွာအတွင်းနေထိုင်လို့မရတော့ဘဲ ဘေးကင်းရာလို့ ယူဆရတဲ့နေရာတွေမှာ သွားရောက်စစ်ရှောင်နေကြရတာဖြစ်ပါတယ်။ စစ်ရှောင်တဲ့နေရာမှာလည်း မသန်စွမ်း ကလေးနှစ်ဦးနဲ့ မသွားလာနိုင်တဲ့ သက်ကြီးရွယ်အို တချို့လည်း ရှိတယ်လို့ ဆိုပါတယ်။

spot_img
spot_img