spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

(၆၂)နှစ်ပြည့် KIOနေ့ အထိမ်းအမှတ်ပွဲကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပေါ် KNPPရှုတ်ချ

ကန္တာရဝတီတိုင်း(မ်)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၉) နယ်မြေ အနန့်ပါ ဒေသမှာ (၆၂)နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ်နေစဉ် စစ်ကောင်စီကနေပြီး စစ်ဂျက်လေယာဉ် ၃ စင်းနဲ့ လာရောက်ဗုံးကြဲခဲ့တဲ့အပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ စစ်ကောင်စီလုပ်ရပ်အပေါ် ရှုတ်ချကြောင်း ဒီကနေ့ (အောက်တိုဘာလ ၂၄ရက်)မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။

စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့ နေရာကို စစ်ကောင်စီကနေပြီး လူမဆန်သော အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ်ကို လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA တပ်သားအပါအဝင် ကချင် အနုပညာရှင်တွေ အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ကေအဲန်ပီပီအနေနဲ့ ကချင်လူထုနဲ့ အတူတကွရပ်တည်ပြီး အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းရေးနဲ့ တန်းတူရေး၊ ဒီမိုကရေစီအရေးကို အပြည့်အဝ အာမခံပေးမယ့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းလာရေးတို့အတွက် လွတ်လပ်မှုနဲ့ တရားမျှတမှုကို လိုလားတဲ့ အင်အားစုအဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

spot_img
spot_img