spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကြက်ဆီထမင်းစားသုံးရာမှ လွိုင်ကော်အဝေးသင်ကျောင်းသား ၅ဝ ထက်မနည်း အစာအဆိပ်သင့်

Author

Date

Category

လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်နေသော အင်္ဂလိပ်စာမေဂျာ အဝေးသင်ကျောင်းသူ/သားများမှ ကြက်ဆီထမင်းစားသုံးရာမှ လူ ၅ဝ ထက်မနည်း အစာအဆိပ်သင့်လက္ခဏာများ  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွိုင်ကော်တက္ကသိုလ်  အင်္ဂလိပ်စာမေဂျာ အဝေးသင်ကျောင်းသူ/သားများမှ အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ဆရာကန်တော့ပွဲအပြီး  အဆိုပါ အစားအစာကို စားသုံးခဲ့ပြီး နာရီပိုင်းအကြာ၌ အစာအဆိပ်သင့်မှုလက္ခဏာများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အချို့က စားတယ်။ မဖြစ်ဘူးပြောတယ်။ ဖြစ်တာက ပိုများတယ်။ ကျနော်တို့ ဒေတာပြန်လိုက်ကောက်တယ်။ အနည်းဆုံး ၅ဝ ကျော်လောက်ဖြစ်ကြတယ်။ ပြောရမယ်ဆိုရင် စားကြတဲ့ ကျောင်းသား ထက်ဝက်ကျော်လောက်ဖြစ်ကြတာ။”ဟု အစာအဆိပ်သင့်သူထဲမှ တစ်ဦးဖြစ်သူ ကိုမီရယ်က ပြောသည်။

အစာအဆိပ်သင့်သူ လူဦးရေ ၅ဝ ထက်မနည်း အော့အန်ခြင်း၊ ဝမ်းလျောခြင်းများ  ဖြစ်ပွားခဲ့သည့်အပြင် လူ ၁၂ ဦးမှာ ဝေဒနာပြင်းထန်ခဲ့ကာ လွိုင်ကော်ဆေးရုံသို့ အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသော်လည်း   အဆိုပါလက္ခဏာခံစားခဲ့ရသူအချို့မှာ သက်သာလာပြီဖြစ်သည်။

“အစားမှား အဆင်မပြေဖြစ်သွားတယ်လို့ ကြားတယ်။ ကလေးတွေ လုပ်တဲ့ပွဲတယ်ဆိုတော့ စားသုံးသူနဲ့ ကျန်းမာရေးတို့ကလာတယ်။ ကျနော်တို့ကတော့ အရေးယူဆောင်ရွက်တာမျိုးတော့ မရှိဘူး။ ဒီးပွဲက ကလေးတွေ စီစဉ်ကြတဲ့ပွဲကွ။ လူကြီးတွေလုပ်တဲ့ ပွဲမဟုတ်ဘူး။ အခုတော့ အခြေအနေ သက်သာသွားပြီလို့ ပြောတယ်။”ဟု လွိုင်ကော်တက္ကသိုလ်၏ မော်ကွန်းထိန်း ဦးမြင့်ဗိုလ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

အဆိုပါ အစာအဆိပ်သင့်မှု ဖြစ်ပွားရခြင်းအကြောင်းအရင်းကို ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနသို့ ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်ခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ အခြေအနေများကို လေ့လာစုံစမ်းနေဆဲဖြစ်ကာ အသေးစိတ်အတိအကျကို လက်တလော၌ မထုတ်ပြန်နိုင်သေးကြောင်း ဖြေဆိုထားသည်။

အစာအဆိပ်သင့်မှုလက္ခဏာ ခံစားခဲ့ရသည့် အင်္ဂလိပ်စာမေဂျာ အဝေးသင်ကျောင်းသူ/သားများသည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့်နေ့ရက်မှ ၃ ရက်မြောက်နေ့ဖြစ်သော ၂ရ ရက်နေ့တွင် အတန်းတင်စာမေးပွဲကို ဖြေဆိုရန်ရှိနေသည်။

 

spot_img
spot_img

Recent posts