spot_imgspot_imgspot_imgspot_img
Thursday, February 6, 2025
spot_imgspot_imgspot_imgspot_img

ကချင်ပြည်နယ် မုန်လိုင်ခက်စစ်ရှောင်စခန်းမှ လသားအရွယ်အပါအဝင် ၃၀ဦးထက်မနည်း သေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ် KSCC ကန့်ကွက်ရှုတ်ချ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကချင်လွတ်လပ်ရေးအဖွဲ့ (KIA/KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁နာရီကျော်အချိန်က စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် လသားအရွယ်ကလေးငယ်အပါအဝင် စစ်ရှောင်စုစုပေါင်း (၃၀)ဦးထက်မနည်း သေဆုံးမှုအပေါ် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်တဲ့ သဘောထားကို ထုတ်ပြန်ထားပါတယ်။

“အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများဖြစ်သည့် မွေးကင်းစကလေးသူငယ်များမှအစ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းအား လူမဆန်စွာသတ်ဖြတ်နေမှုများအား ပြောင်ပြောင်တင်းတင်းကျူးလွန်နေသည်မှာ နိုင်ငံတကာ၏ ဥပဒေများနှင့် လူ့အခွင့်အရေးပြဌာန်းချက်များအား ချိုးဖောက်နေသလို စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရန် ကြိုးပမ်းနေကြသူများအတွက် လက်သင့်မခံနိုင်သော် လုပ်ရပ်ဖြစ်ကြောင်း မိမိတို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) မှ ပြင်းထန်စွာ ရှုံ့ချပါသည်။” လို့ KSCC ကဆိုပါတယ်။

မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ရှောင်လူထု စုစုပေါင်း (၃၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ထိခိုက်သေဆုံးသွားတဲ့ စစ်ရှောင်တွေရဲ့ အသက်သေဆုံးမှု၊ ထိခိုက်နစ်နာမှုတွေအတွက် KSCC မှ ဝမ်းနည်းကြောင်း၊ အပြစ်မဲ့ပြည်သူတွေရဲ့အသက်ကို အာဏာတည်မြဲရေးအတွက် သတ်ဖြတ်နေတဲ့ အာဏာရှင်တွေနဲ့ အာဏာရှင်ဟူသမျှ ကျဆုံးသွားတဲ့အထိ ပြည်သူလူထုတွေအနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှု လုပ်ရပ်အပေါ် ကချင်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ကလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ပြီး စစ်ကောင်စီကို ပံ့ပိုးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ နဲ့ နိုင်ငံတကာ ခုံရုံးက အမြန်ဆုံးအရေးယူဆောက်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

စစ်ရှောင်လူထု အစုလိုက်အပြုံလိုက် သေဆုံးမှုလုပ်ရပ်ကို စစ်ကောင်စီဖက်က လုပ်ဆောင်တာဖြစ်တယ်လို့ KIA ဖက်က ပြောဆိုမှုအပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြင်းဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts