တယ်ရဘယ်စီး ………. မင်္ဂလာပါရှင့်……….
ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ နေ့သတင်းထုတ်လွှင့်မှုအစီအစဉ်ရဲ့ နိုဝင်ဘာလ ၆ ရက်နေ့ သတင်းတင်ဆက်ခြင်းကနေ ပြန်လည်ကြိုဆိုပါတယ်။
ဒီကနေ့မှာတော့ ……….
- အောက်တိုဘာလ တစ်လတာအတွင်း တိုက်ပွဲအကြိမ်ရေ (၃၀) နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၄၀) ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
- ဒီးမော့ဆိုမြို့နယ်မှာ နေရပ်မပြန်ကြသေးဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တောင်းဆိုထားပါတယ်။
- ဖရူဆိုမြို့နယ်အတွင်းက ဆိုသယ်စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်လူထု အယောက်၂၀ ဝန်းကျင်ဟာ အရေပြားရောဂါဖြစ်ပွားနေပါတယ်။
- ကရင်နီပြည်က လူထုတွေဟာ စိုက်ပျိုးမြေရဲ့ ၃ ရာခိုင်နှုန်းကိုသာ စိုက်ပျိုးနိုင်တဲ့အတွက် ရိက္ခာ အခက်အခဲဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
စတဲ့ သတင်းတွေကို တင်ဆက်ပေးသွားပါမယ်ရှင့်။