မင်္ဂလာပါရှင့်…..
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ စက်တင်ဘာလ ၅ ရက် ကြာသပတေးနေ့ ရုပ်သံသတင်းအစီအစဉ်ကို ပြန်လည်စတင်နေပါပြီ။
ဒီကနေ့ မှာတော့ သတင်းတွေထဲက
- စစ်ကောင်စီက ဒီးမော့ဆိုကို နှစ်ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။
- စစ်ခေါင်းဆောင်ရဲ့ လွိုင်ကော်ခရီးစဉ်မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပါတယ်။
- လွိုင်ကော်မြို့မှာ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်နေပြီး စာရင်းကောက်သင်တန်းပြုလုပ်ခဲ့ပါတယ်။
- ဝမ်ငေါ့ကျေးရွာက စစ်ရှောင်စခန်းတစ်ခုမှာ မိုးရေကြီးတာကြောင့် စာသင်ကျောင်း ပိတ်ထားရပြီး နေအိမ်တဲတချို့နစ်မြှုပ်ခဲ့ပါတယ်။
စတဲ့ သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။