ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ မတ်လ ၁၃ ရက် ကြာသပတေးနေ့ ရုပ်သံသတင်းကို ပြန်လည်တင်ဆက်ပေးပါတော့မယ်။
00:00 – အဖွင့်
00:43 – စစ်ကောင်စီက ကာမီကာဇေ ခေါ် အသေခံဒရုန်းတွေကို အသုံးပြုပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာပါတယ်။
02:14 – မော်ချီးဒေသမှာ လေကြောင်းရန် ကာကွယ်ဖို့ ဗုံးခိုကျင်း မဖြစ်မနေ တူးထားဖို့ KNSO တိုက်တွန်းထားပါတယ်။
03:35 – ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာသင်တန်းကို KNYO မှ ၁၂ ရက်ကြာ ပို့ချပေးခဲ့ပါတယ်။
04:41 – ဖရူဆိုမြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေပြတ်လပ်နေပြီး အကူအညီတွေလိုအပ်နေပါတယ်။
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားပါမယ်။
05:44 – အပိတ်
ကန္တာရဝတီတိုင်း (မ်) ရဲ့ ရုပ်သံသတင်းကို တင်ဆက်ပေးခဲ့တာပါ။ ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များအားလုံး ဘေးကင်းလုံခြုံပြီး လိုအင်ဆန္ဒပြည့်ဝကြပါစေရှင့်။ ကျမမော်ညားမာပါ။