ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ဧပြီလ (၂၄) ရက် ကြာသပတေးနေ့ ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။
ဒီနေ့မှာနားဆင်ရမှာကတော့
00:00 – အဖွင့်
00:52- PNLO ဌာနချုပ်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
02:05-လေပြင်းတိုက်ခတ်မှုကြောင့် ပွန်ချောင်းစစ်ရှောင်စခန်းက တဲအိမ် (၁၅) လုံး နဲ့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်း ပျက်စီးသွားခဲ့ကာ အရေးပေါ်အကူညီ လိုအပ်နေပါတယ်။
02:48-ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်မှာ ကျောင်းနေအရွယ် လူငယ်တွေ ကျောင်းထွက်နှုန်း (၅၀) ရာခိုင်နှုန်းထိ ရှိနေတယ်လို့ ဆိုပါတယ်။
04:05-အဓမ္မစုဆောင်းပြီး ရှေ့တန်းပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား ၂ဦး လက်နက်နှင့်တကွ KNDF ထံ ဘက်ပြောင်းခိုလှုံလာခဲ့ပါတယ်။ စတဲ့သတင်းတွေကို တင်ပြပေးသွားမှာပါ။
05:01 – အပိတ်
ကန္တာရဝတီတိုင်း (မ်) ရဲ့ ရုပ်သံသတင်းကို တင်ဆက်ပေးခဲ့တာပါ။ ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များအားလုံး ဘေးအန္တာရာယ်အပေါင်းက ကင်းဝေးကြပါစေရှင့်။ ကျမမော်ညားမာပါ။