တယ်ရဘယ်စီး ………. မင်္ဂလာပါရှင့်……….
ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ နေ့သတင်းထုတ်လွှင့်မှုအစီအစဉ်ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ သတင်းတင်ဆက်ခြင်းကနေ ပြန်လည်ကြိုဆိုပါတယ်။
- သုံးရက်အတွင်း လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ (၂၀) ဦး နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံးအထိ ရှိနေပါတယ်။
- လောပိတဘက်ကို စစ်ကောင်စီ စစ်ကြောင်း ထိုးလာတဲ့အတွက် စာသင်ကျောင်းတွေ ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။
- လက်နက်ကြီးကြောင့် ပရဟိတ အသင်းဝင်တစ်ဦး သေဆုံးပြီး ပရဟိတကား တချို့လည်း သိမ်းဆည်းခံရတယ်လို့ သိရပါတယ်။
- ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်း KNDF ရဲဘော် ၃ ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
- တိုက်ပွဲကြောင့် လွိုင်ကော်မြို့မှာ လေကြောင်း ခရီးစဉ်အားလုံး ရပ်တန့်ထားပါတယ်။
စတဲ့သတင်းတွေကို ကြည့်ရှု့နားဆင်ကြရမှာ ဖြစ်ပါတယ်ရှင့်။