spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ နိုဝင်ဘာလ ၁၇ ရက် သောကြာနေ့ ရုပ်သံသတင်းအစီအစဉ်

မင်္ဂလာပါရှင်…..

ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ နိုဝင်ဘာလ ၁၇ ရက် သောကြာနေ့ ရုပ်သံသတင်းအစီအစဉ်

  • မနေ့က နိုဝင်ဘာလ (၁၆) ရက် တစ်ရက်အတွင်း လွိုင်ကော်မှာ ကလေး၂ဦး အပါအဝင် အရပ်သားပြည်သူ၅ဦးသေဆုံးကာ အမည်မသိ အမျိုးသားရုပ်အလောင်း တစ်လောင်းတွေ့ရှိခဲ့ပါတယ်။
  • နိုဝင်ဘာလ (၁၆) နေ့ခင်းပိုင်းတွင်း စစ်ကောင်စီတပ်က လွိုင်ကော်မြို့ပေါ်မှာ လေယာဉ်နဲ့ အမဲရောင် အထုပ်တွေချပေးနေပြီး ညအချိန်မှာတော့ ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်ကနေ လွိုင်ကော်မြို့နယ်ဖက်ကို လက်နက်ကြီး အချက်ရေများစွာ ပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
  • ရှမ်းတောင်ကို တိမ်းရှောင်လာတဲ့ ကရင်နီစစ်ရှောင်တွေကို လက်ခံပေးဖို့ ကရင်နီစစ်ရှောင်လူထုတွေက တောင်းဆိုလိုက်ပါတယ်။
  • ၁၁.၁၁ စစ်ဆင်ရေးအတွင်း မိုးဗြဲဖက်မှာ မိုးဗြဲအခြေစိုက် ခမရ ၅၁၈ အပါအဝင် တပ်စခန်း ၉ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက သတင်းထုတ်ပြန်ထားပါတယ်။
  • စစ်ဆင်ရေးဆောင်ရွက်နေစဥ်အတွင်း ခေတ္တတိမ်းရှောင်ပေးကြဖို့ တော်လှန်ရေးခေါင်းဆောင်တွေ ထပ်မံတောင်းဆိုလိုက်ပါတယ်။ …….စတဲ့သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
spot_img
spot_img