မင်္ဂလာပါရှင်…..
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ဇန်နဝါရီလ ၂၆ ရက် သောကြာနေ့ ရုပ်သံသတင်းအစီအစဉ်..
- လွိုင်ကော်က နေအိမ်ပစ္စည်း ပြန်သယ်ချင်တဲ့ပြည်သူတွေကို စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး ပြန်သယ်ခွင့်ပေးနေတယ်လို့ KNDF ဒု-စစ်ဦးစစ်ချုပ် မာဝီ ပြောဆိုလိုက်ပါတယ်။
- ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်၊ ကရင်နီစစ်ရှောင်တွေ ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်
- ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း တိုက်ပွဲဖြစ်ပွားနေချိန်မှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်း အတုအယောင်တွေကို သတိပြုကြဖို့ PNLA အသိပေးထားပါတယ်။
- ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်း ၈၀ ကျော် အတွက် တကိုယ်ရေသုံး ပစ္စည်းများလိုအပ်နေပါတယ်။
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။