spot_imgspot_imgspot_imgspot_img
Thursday, December 12, 2024
spot_imgspot_imgspot_imgspot_img

ကယန်းပြည်သစ်ပါတီ၊ ပါတီဝင်လူငယ်ဌာနရဲ့လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးဒေသမှာရှိတဲ့ ကယန်းပြည်သစ်ဌာနချုပ်မှာ ကယန်းပြည်သစ်ပါတီဝင် လူငယ်ဌာနရဲ့ လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်း၊ အပတ်စဥ်(၂)ရဲ့သင်တန်းဆင်းပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

“ကျနော်တို့ ကယန်းလူငယ်တွေ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ နိုင်ငံရေးနိုးကြားမှု အမြင့်ဆုံးအခြေအနေကို ရောက်ရှိ‌နေကြတယ်ပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးနိုးကြားမှုကလည်း အရမ်းမြင့်လာတယ်ပေါ့နော်။ ဒါဟာ တစ်ပြည်လုံးအတိုင်းအတာနဲ့အတူ ကယန်းဒေသမှာရှိတဲ့ လူငယ်တွေကလည်း နိုင်ငံရေးနိုးကြားမှုတွေ ရှိလာတာ ဖြစ်တယ်ပေါ့နော်။အဲ့ဒီအခြေနေမှာ ကျနော်တို့ လူငယ်တွေ လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေပေါ်မှာ နည်းလမ်းမှန်ကန်စွာ သုံးသပ်တတ်ဖို့ပေါ့နော်။လက်ရှိ နိုင်ငံရေးပြဿနာတွေ နိုင်ငံရေးအရှုပ်အထွေးတွေကို ကျနော်တို့က မှန်ကန်သောနည်းလမ်း၊ မှန်ကန်သော နိုင်ငံရေးနည်းလမ်း ၊ အတွေးအခေါ်နဲ့ စဉ်းစားပြီးတော့ တွေးခေါ်ပြီးတော့ ဆုံးဖြတ်တတ်ဖို့ ၊ ပါဝင်တတ်ဖို့ကို ကျနော်တို့က ရည်ရွယ်ပြီးတော့ ဒီသင်တန်းကိုပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ” လို့ သင်တန်းတာဝန်ခံ ခွန်းပြည့်လင်း က ပြောပါတယ်။

ကယန်းဒေသအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး စဉ်းစားတွေးခေါ်မှု ၊ လူထုနဲ့ပြောဆိုဆက်ဆံမှုအပိုင်းမှာ စွမ်းရည်ကောင်းမွန်လာကြတယ်လို့ ဆိုပါတယ်။

“စစပိုင်းတော့ ကိုယ့်အတွက်ဆိုရင် သင်ယူဖို့ အရမ်းခက်ခဲပါတယ်။ဘာလို့လဲဆိုတော့ နိုင်ငံရေး အသုံးအနှုန်းတွေက အရမ်းမြင့်မားတဲ့အတွက် အရမ်းတွေးခေါ်ရတယ်။အဲ့အတွက် ကိုယ့်အတွက် နည်းနည်း စိတ်ရှုပ်ထွေးတယ်။ဒါပေမယ့် ကြာလာတော့ ဒီဘာသာရပ်ကို ကိုယ်နားလည်လာတယ်ပေါ့။ ” လို့ သင်တန်းပြီးမြောက်သွားတဲ့ မမီးမီးက ပြောပါတယ်။

သင်တန်းမှာ ရရှိထားတဲ့ သင်ခန်းစာ ၊ အသိပညာဗဟုသုတ တွေကို တခြားလူငယ်တွေကိုလည်း လက်ဆင့်ကမ်း မျှဝေသွားမယ်လို့ မမီးမီးက ဆိုပါတယ်။

အဆိုပါ လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသား (၂၁) ဦး တက်ရောက်ပြီးစီးခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts