ကန္တာရဝတီတိုင်း (မ်)
ကယန်းတိုင်းရင်းသူလက်ဝှေ့မယ် ဘယ်ရောနီကာရဲ့ ONE championship ပွဲဦးထွက်ကို ချီလီနိုင်ငံသူ ဖရန်စ္စကာ ဗီရာနဲ့ မနက်ဖြန် ဖေဖော်ဝါရီလ ( ၁၄ ) ရက်နေ့ ည ၇ နာရီခွဲ ၊ ဘန်ကောက်မြို့ Lumpinee Stadium မှာ ယှဥ်ပြိုင်ထိုးကြိတ်သွားမှာဖြစ်ပါတယ်။
ATOMWEIGHT တန်းမှာ မွေထိုင်းပွဲစဉ်အဖြစ် ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။

ကယန်းလက်ဝှေ့မယ် ဘယ်ရောနီကာက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ONE နဲ့ ၂ နှစ်စာချုပ်ချုပ်ခဲ့တာပါ။ ၂ နှစ်စာချုပ်မှာ ကစ်ဘောင်ဆင် နဲ့ မွေထိုင်း စုစုပေါင်း ပွဲစဥ် ၈ ပွဲထိုးရမှာဖြစ်ပါတယ်။
ဘယ်ရောနီကာ နဲ့ ယှဥ်ထိုးမယ့် ဗီရာက ONE မှာ ငါးကြိမ်ထိုးခဲ့ဖူးသူဖြစ်ပါတယ်။ ဗီရာရဲ့ အားသာချက်က ချုပ်ပြီးဒူးနဲ့တိုက်တာဖြစ်ပြီး ဘယ်ရောနီကာရဲ့ အားသာချက်က လက်သီး ဖြစ်တယ်လို့ ဘယ်ရောနီကာက BBC နဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
ဘယ်ရောနီကာက မြန်မာ့လက်ဝှေ့မှာ ပထမဆုံးရွှေခါးပတ်ရ အမျိုးသမီးချန်ပီယံတစ်ဦးဖြစ်ပါတယ်။ ONE နဲ့စာချုပ်ချုပ်တဲ့ ပွဲစဉ် ၈ ပွဲအတွင်း ချန်ပီယံဖြစ်လာဖို့က လုံလောက်တယ်လို့ ဘယ်ရောနီကာက ယုံကြည်ထားပါတယ်။
လက်ဝှေ့လောကကနေ အနားယူလိုက်တဲ့ ကယန်းတိုင်းရင်းသူ MMA ကစားသမားအန်တိုနီယာလည်း ၂၀၁၈ခုနှစ်က One Championship ပွဲစဉ်မှာ ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။