spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းတည်ထောင်ပြီး စစ်ကောင်စီကို တိုက်ပွဲဝင်သွားမယ်လို့ ကြေညာ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကယန်းဒေသအတွင်းရှိ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့သူတွေနဲ့ စုစည်းဖွဲ့စည်းထားပြီး ကယန်းအမျိုးသားတပ်မတော် (KNA) ကို ဖွဲ့စည်းတည်ထောင်ကြောင်း ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခြေခံမူ ၉ ချက် နဲ့ အမျိုးသားရည်မှန်းချက် ၅ ရပ် ကို စွဲကိုင်ပြီး ကယန်းအမျိုးသားတပ်မတော် (KNA) ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ကယန်းအမျိုးသားတပ်မတော် (KNA) ကို လွိုင်ကော်ဒေသ၊ ဒီးမော့ဆိုဒေသ၊ မိုးဗြဲဒေသ ၊ ဖယ်ခုံဒေသ နဲ့ တခြားကယန်းဒေသတွေမှာ ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို တစ်စုတစ်စည်းတည်း ပေါင်းစည်းထားတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာအမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေနဲ့ အတူလက်တွဲပြီး တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကယန်းအမျိုးသားတပ်မတော် (KNA) ကို တပ်ရင်း ၈ ရင်းနဲ့ ဖွဲ့စည်းထားတယ်လို့ သတင်းထွက်ပေါ်နေပြီး အသေးစိတ်အခြေအနေနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts