ဦးမြာ
ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ကယားတစ်ပြည်နယ်လုံးရှိမဲပေးပိုင်ခွင့်ရှိသူ ၇၆ ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကယားတစ်ပြည်နယ်လုံးမှာ မဲပေးခွင့်ရှိသူ ၂၁၂၉၁၆ ဦးရှိပြီး မဲလာပေးသူ ၁၆၂၈၇၅ ဦးရှိခဲ့ပါတယ်။ ကယားပြည်နယ်ဟာဆိုရင် တိုင်းနဲ့ပြည်နယ် ၁၄ ခုက မဲပေးတဲ့ရာခိုင်နှုန်းအများဆုံးရဲ့ နံပါတ်၅နေရာမှာ ရှိပါတယ်။
လွိုင်ကော်မြို့နယ်မှာ ၁၀၀၂၆၇ ဦးမဲပေးပိုင်ခွင့်ရှိခဲ့ပြီး ၇၅၇၅၇ ဦး မဲလာပေးခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာတော့ ၅၆၆၇၄ ဦးပြီးတော့ ၄၅၉၆၅ ဦးမဲလာပေးခဲ့ပါတယ်။ ဖရူဆိုမြို့နယ်မှာတော့ ၁၉၉၅၃ ဦးမဲပေးပိုင်ခွင့်ရှိပြီးတော့ ၁၄၆၇၉ ဦးမဲပေးခဲ့ပါတယ်။ ရှားတောမြို့နယ်မှာ ၅၆၂၈ ဦးမဲပေးပိုင်ခွင့်ရှိပြီးတော့ ၄၃၁၂ ဦးမဲလာပေးခဲ့ပါတယ်။ ဖားဆောင်းမြို့နယ်မှာ ၁၆၉၁၂ ဦးမဲပေးပိုင်ခွင့်ရှိပေမယ့် ၁၀၅၀၇ ဦးမဲလာပေးခဲ့ပါတယ်။ ဘောလခဲမြို့နယ်မှာ ၈၂၀၇ ဦးမဲပေးပိုင်ခွင့်ရှိပြီးတော့ ၇၂၀၂ ဦးမဲပေးခဲ့ပါတယ်။ မယ်စဲ့မြို့နယ်မှာ ၅၂၇၅ဦးမဲပေးပိုင်ခွင့်ရှိခဲ့ပြီး ၄၄၃၄ ဦးမဲလာပေးခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ ကယားပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၇၈၃၁၆ ဦးရှိခဲ့ပြီး မဲလာပေးသူ ၁၄၂၅၉၂ ဦးရှိခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၇၉ရာခိုင်နှုန်းမဲလာရောက်ပေးခဲ့ခြင်းဖြစ်ပါတယ်။






