ခွန်းလောရင်းစ်ဟာ ၂၀၁၅ ခုနှစ်ကနေစပြီး တောင်ကြီးမြို့မှာ အိမ်လေးတစ်လုံးငှားနေရင်းနဲ့ HOME ENGLISH LEARNING CENTER ကိုယ်ပိုင်သင်တန်းဖြစ်တဲ့ အင်္ဂလိပ်စာသင်တန်းဖွင့်လှစ် သင်ကြားနေပါတယ်။
၄ နှစ်လောက် ရှိနေပြီဖြစ်ပေမဲ့ ဒီကနေ့အထိတော့ ကိုယ်ပိုင်အိမ်လေး မပိုင်ဆိုင်နိုင်သေးပါဘူး။
သူကတော့ သင်တန်းကို အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ အားကိုး ဖွင့်လှစ် နေတာမဟုတ်ဘဲ ပညာရေးကို မက်မောပြီး အားတက်သရော လာရောက်သင်ယူတဲ့ ဘယ်အသက်အရွယ်ကိုမဆို သင်ကြားပေးနေတာပါ။
ဒီကနေ့အထိတော့ သင်တန်းသား ၅၀ဝ နီးပါးကို သင်ကြားပေးခဲ့ပြီလို့ ပြောပါတယ်။