spot_imgspot_imgspot_imgspot_img
Thursday, December 5, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းနိုင်ရန် အကြိုညီလာခံပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဖွဲ့စည်းနိုင်ဖို့အတွက် ဒီးမော့ဆိုကျောင်းသားများသမဂ္ဂကနေ ဦးဆောင်ပြီး အကြိုညီလာခံကို ဩဂုတ်လ ၃ ရက်နေ့က ဒီးမော့ဆိုမြို့နယ်တွင်းမှာ ပြုလုပ်သွားခဲ့ပါတယ်။

“အကြိုညီလာခံမှာ ကျနော်တို့ အများကြီး မျှော်လင့်တယ်ပေါ့နော် ဖြစ်နိုင်ရင် KSSU (Karenni State Student Union)က သူတို့ ရပ်တည်မှုက အာဏာသိမ်းပြီးနောက်ပိုင်းမှာ အားနည်းလာတယ်ပေါ့နော်။ သူတို့ပန်းတိုင်တွေ အားနည်းလာတဲ့အနေအထားမှာ ပြန်ပြီးတော့မှ run နိုင်ဖို့အတွက် ညီလာခံကိုခေါ်ဖို့လိုတယ်။ ညီလာခံကိုခေါ်ဖို့လိုတယ်ဆိုပေမဲ့ ကျနော်တို့မှာ ပြန်ကြည့်လိုက်တော့ မြေပြင်မှာက ကျနော်တို့ ကျောင်းသားသမဂ္ဂရဲ့လုပ်ငန်းစဥ်က အရမ်းကြီးအားကောင်းမနေဘူးပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ဘဲ ကျနော်တို့ရဲ့ကျောင်းသားသမဂ္ဂ ရှိတော့ရှိနေကြပါပြီ။ ဒါပေမဲ့ မရှိသေးတဲ့ကျောင်းတွေရှိနေသေးတယ်ပေါ့နော်။ Alternative ကျောင်းတွေ အများကြီးရှိတယ်။ သူတို့အနေနဲ့ အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ်စေလွတ်တဲ့ ဟာမျိုးပေါ့နော်။ KSSUရဲ့ရပ်တည်မှုမှာကော သူတို့လိုက်ပါနိုင်မလားဆိုတော့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဖိတ်ခေါ်ပြီးတော့မှ ဆန္ဒခံယူပွဲမျိုးလို့ ပြောလို့ရတယ်ပေါ့။ အဓိက သူတို့ဆန္ဒရှိမယ်ဆိုရင် နောက်ပိုင်းမှာ KSSUရဲ့ member ဝင်အနေနဲ့ ပြန်ဖြစ်လာနိုင်တာမျိုးပေါ့။”လို့ ဒီးမော့ဆိုကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုခွန်းက ပြောပါတယ်။

အဆိုပါ အကြိုညီလာခံမှာတော့ ကျောင်းသားသမဂ္ဂ အလံအလေးပြုခြင်း၊ အားပေးအမှာစကားပြောကြားခြင်း၊ သဝဏ်လွှာများဖတ်ကြားခြင်း၊ အဆိုတင်သွင်းခြင်း၊ မူဝါဒရေးဆွဲခြင်း၊ အထွေထွေဆွေးနွေးခြင်း စတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။

ကရင်နီပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ကိုလည်း မည်သည့်ကျောင်းမဆို လာရောက်ပူးပေါင်းနိုင်တယ်လို့လည်း ကိုခွန်းက ဆက်ပြောပါတယ်။

“နီးစပ်တဲ့သူတွေဘဲဖြစ်ဖြစ် ကျနော်တို့ကျောင်းသားသမဂ္ဂလက်တွဲညီပြီး ပြန်အလုပ်လုပ်ဖို့အတွက် KSSUရဲ့ပြန်လည်မွမ်းမံတဲ့ ပညာကဏ္ဍမှာ တချို့ကျောင်းသားတွေရှိမယ်၊ state ကျောင်းသားတွေလည်းဖြစ်နိုင်တယ်၊ အဆင့်မြင့်ကျောင်းသားတွေလည်းဖြစ်နိုင်တယ်၊ KSSU မှာ လာ join နိုင်တယ်ပေါ့နော်။ နိုင်ရာ ကဏ္ဍကနေ ပူးပေါင်းလုပ်လို့ရတယ်၊ ကိုယ်တိုင်အဖွဲ့ဝင် ဖြစ်ချင်တာဘဲဖြစ်ဖြစ် ရှေ့ဆက်ပြီးတော့မှ အလုပ်လုပ်လို့ရတယ်လို့ပြောချင်ပါတယ်။” လို့ သူက ဆိုပါတယ်။

ဒီးမော့ဆိုကျောင်းသားသမဂ္ဂ၊ မြေပြန့်ဒေသကျောင်းသားသမဂ္ဂ၊ ဖရူဆို အ.က.သ၊ ဖယ်ခုံအ.က.သ၊ ကရင်နီပညာရေးကောလိပ်၊ ကရင်နီသူနာပြုကျောင်း နဲ့ ပညာရေးအဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ကြပြီး လူဦးရေ ၂၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

spot_img
spot_img

Recent posts