spot_imgspot_imgspot_imgspot_img
Saturday, February 22, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ ပြည်နယ်တရားရုံးချုပ်နဲ့ တရားရုံးအသီးသီးကို တစ်နှစ်အတွင်း တိုင်ကြားလာတဲ့ အမှုပေါင်း ( ၁၇၈ ) မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကြားကာလမှာ ဖွဲ့စည်းထားတဲ့ ခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံး အသီးသီးထံ တိုင်ကြားလာတဲ့အမှုပေါင်း ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း ( ၁၇၈ ) မှု ရှိပြီး အကြမ်းဖက်တိုက်ဖျက်ရေးအမှုက အများဆုံးဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ တရားစီရင်ရေး ရဲ့ ၂၀၂၄ နှစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တရားရုံးအသီးသီးရဲ့ စစ်ဆေးဆုံးဖြတ်ပြီးတဲ့ အမှု (၁၆၁) မှုရှိပြီး တစ်နှစ်အထက် ( ၁၁ ) မှု ၊ တစ်နှစ်အောက် ( ၃၈ ) မှု ၊၆လအောက် ( ၂၀ ) မှု ၊ ၃လအောက် (၉၂) မှုကို စီရင်ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်နယ်တရားရုံးချုပ် နဲ့ တရားရုံးအသီးသီးတွေမှာ ရာဇဝတ်မူသေပုံစံ၊ ရာဇဝတ်မှတ်ပုံတင်စာအုပ်၊ စည်းတံဆိပ်၊ မိတ္တူကူးလုပ်ငန်းတွေ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ လက်ထပ်မှတ်ပုံတင်စာအုပ်တွေကို စီစဥ်ဆောင်ရွက်ပေးခဲ့တာရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အများပြည်သူသိရှိဖို့ လိုအပ်တဲ့ကိစ္စရပ်တွေမှာတော့ အရပ်ဖက်အဖွဲ့အစည်းတွေအပြင် ပြည်သူလူထုတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိတယ်လို့ ကရင်နီပြည်ကြားကာလအစီအမံ တရားရုံးချုပ်ရဲ့ ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က အခုလိုပြောပါတယ်။

“ကရင်နီပြည် ကျနော်တို့ တရားစီရင်ရေးမှာတော့ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး လူထုကြားမှာတော့ အများသိရှိအောင် လုပ်ဆောင်တာတော့ရှိတယ်။ တချို့ကိစ္စတွေမှာတော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်တာတွေရှိတယ်။ ဒီလူထုကြား အသိပညာ‌ပေးသွားနိုင်တာရှိတယ်ပေါ့။ “ လို့ ခူးပိုးရယ်က ဆိုပါတယ်။

လက်ရှိတရားစီရင်ရေးကဏ္ဍမှာတော့ အဖွဲ့အစည်း သုံးခုကနေ ပူးပေါင်းဆောင်ရွက်နေတာလည်းရှိတယ်လို့ ခူးပိုးရယ်က အခုလိုဆက်ပြောပါတယ်။

“KSP နဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်တာတွေရှိပါတယ်၊ အဓိကကတော့ တရားဥပဒေစိုးမိုးရေးလို့ပြောရင် တရားရုံးရှိမယ်။ ဥပဒေဖက် ရှိမယ်။ ပြီးရင် ရဲရှိမယ်ပေါ့။ အမှုတစ်ခုဖြစ်လာပြီဆိုရင် ဒီအဖွဲ့အစည်း သုံးခုကနေပြီး ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။”လို့ သူကဆိုပါတယ်။

စွဲဆို တင်ပို့လာတဲ့ အမှုတွေထဲမှာတော့ အကြမ်းဖက်တိုက်ဖျက်ရေးအမှု၊ မူးယစ်ဆေးဝါးမှု၊ တရားခံပြေးမှု၊ လူသတ်မှု၊ ခိုးမှုနဲ့ မုဒိမ်းမှုတွေ ပါရှိပြီး အကြမ်းဖက် တိုက်ဖျက်ရေးအမှုဟာ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

spot_img
spot_img
spot_img

Recent posts