spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်ရှိ စစ်ကောင်စီတပ်ရင်းတချို့ တပ်ရင်းအလိုက် ဘက်ပြောင်းနိုင်ဖို့ စီစဉ်နေကြောင်း KNDF ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတချို့ ရဲ့ တစ်ပြိုင်တည်း တပ်ရင်းအလိုက် စုပေါင်း ဘက်ပြောင်းလာနိုင်ဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်( KNDF) ကနေပြီး ဘက်ပြောင်းအစီအမံကို ဆောင်ရွက်နေတာရှိတယ်လို့ ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်နေ့)မှာ KNDF က အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေ တပ်ရင်းအလိုက် ဘက်ပြောင်းလာနိုင်ဖို့ ဘက်ပြောင်းရေး အစီအမံကို အဓိကထား ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ KNDF ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီအစီအမံမှာ ဘက်ပြောင်းလာခဲ့လို့ရှိရင် ဘက်ပြောင်းလာခဲ့တဲ့သူတွေကို ဘယ်လို သဘောထားမလဲ၊ ဘယ်လို စီစဥ် ပေးမလဲ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ လုပ်ရေးကိုင်ရေး၊ အကုန်လုံး ဘယ်လို လုပ်ပေးမယ် ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ဆွဲထားတာဖြစ်ပါတယ်။ ဒါတွေကို သူတို့ရဲ့အောက်ခြေအထိ သိအောင် ဒီဘက်ပြောင်းရေး အစီအမံ တွေကို ကိုင်တွယ်နေတဲ့ ဌာနကနေပြီးတော့မှ မြေပြင်က သူတို့ရဲ့ စစ်သားတွေရဲ့ အားလုံးကြားသိအောင် လိုက်ပြီးတော့မှ ဆော်သြနေတဲ့ ဟာတွေ ဖြန့်ဝေနေတဲ့ ဟာတွေလည်း ရှိပါတယ်နော်”လို့ KNDF ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

KNDF တာဝန်ရှိသူတွေ ဆောင်ရွက်တဲ့ ဘက်ပြောင်းရေး အစီအမံနဲ့ ပတ်သက်ပြီး ကရင်နီပြည်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတချို့က တာဝန်ရှိသူတွေရဲ့ ကနဦး ညှိနှိုင်း သဘောတူမှုလည်း ရရှိပြီးကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဘက်ပြောင်းခိုလှုံလာသူတွေအနေနဲ့ လက်ရှိ ရာထူးရာခံများအတိုင်း တော်လှန်ရေးအစိုးရဘက်မှာလည်း တာဝန်ပြန်လည် ထမ်းဆောင်နိုင်ဖို့ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အာဏာရှင်ကို ကျောခိုင်းပြီး ပြည်သူ့ အောင်ပွဲတွေမှာ ပါဝင်နိုင်ဖို့နဲ့ အနာဂတ်မှာ မျိုးဆက်သစ်တွေအတွက် သာယာလှပပြီး ဖက်ဒရယ် ဒီမိုကရေစီ ရရှိနိုင်ဖို့ ဘက်ပြောင်းလာသူတွေကို ကြိုဆို‌နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF) က တိုက်တွန်းဖိတ်ခေါ်လျက် ရှိပါတယ်။

spot_img
spot_img

Recent posts