spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်းအမှတ် (၁၄) ဖွဲ့စည်းပြီး ၃နှစ်အတွင်း တပ်ဖွဲ့ဝင် (၁၁)ဦးကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားကာကွယ်ရေးတပ် ( KNDF) တပ်ရင်းအမှတ် (၁၄) ဖွဲ့ စည်းတည်ထောင်ပြီး (၃) နှစ်အတွင်း တပ်ဖွဲ့ဝင် ( ၁၁ ) ကျဆုံးခဲ့တယ်လို့ တပ်ရင်းထံကနေ သိရပါတယ်။

ကျဆုံးတပ်ဖွဲ့ဝင် ( ၁၁ ) ဦး နဲ့ ထိခိုက်ဒဏ်ရာရ (၄) ဦးရှိတယ်လို့ ဆိုပါတယ်။

၂၀၂၁ခုနှစ် ၊ အောက်တိုဘာလ ၁၂ ရက်နေ့မှာ KNDF တပ်ရင်းအမှတ် ( ၁၄ )ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ တပ်ရင်းအမှတ် (၁၄) ၊ ၃နှစ်ပြည့်အခမ်းအနားကို ကရင်နီပြည်တွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အခမ်းအနားမှာတော့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ရဲ့ စစ်ချီသီချင်းဖြင့် ချီတက်အလေးပြုခြင်း ၊ တပ်ဦးအလံ အလေးပြုခြင်း ၊ တိုက်ပွဲအတွင်း ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း ၊ သစ္စာအဓိဌာန် ရွတ်ဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ဖိတ်ကြားထားတဲ့ ဧည်သည်တော်များ အပါအဝင် လူဦးရေ (၂၀၀)ကျော် တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts