spot_imgspot_imgspot_imgspot_img
Monday, March 17, 2025
spot_imgspot_imgspot_imgspot_img

ကာကွယ်ရေးပစ္စည်းစက်ရုံက တပ်ကြပ်ကြီးတစ်ဦး လွိုင်ကော် PDF ထံ CDM ပြုလုပ်

လဲသျို့ ( ကန္တာရဝတီတိုင်း( မ် ) )

တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံက တပ်ကြပ်ကြီးစာရေးတစ်ဦး မေလ ၉ ရက်နေ့မှာ CDM ပြုလုပ်လာတယ်လို့ လွိုင်ကော် PDF က ဒီကနေ့ မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

CDM ပြုလုပ်သူမှာ မင်းလှ၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ်ကြီးစာရေးတစ်ဦး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

CDM ပြုလုပ်လာတဲ့ တပ်ကြပ်ကြီးကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး လွတ်မြောက်အောင် ဆောင်ရွက်ပေးသွားမယ်လို့ လွိုင်ကော် PDF က ဆိုပါတယ်။

လွိုင်ကော် PDF ထံကို လက်နက်နဲ့တကွ CDM ပြုလုပ်လာသူတွေကို ဆုငွေ သိန်း ၅၀ ချီးမြှင့်ပြီး
ဘဝတစ်လျှောက်လုံး လုံခြုံစွာ ရှင်သန်နေထိုင်နိုင်ဖို့ ကူညီသွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ပြီး CDM ပြုလုပ်လာတဲ့ ရဲနဲ့ စစ်သားဦးရေမှာ တသောင်းကျော် ရှိနေပြီလို့ ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img