spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

ကာပရူးရွာသားများ လမ်းဖောက်ရန် ပိုက်ဆံစိုက်ထားကြကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြော

Author

Date

Category

မူအက်စတာ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ရော်ဒိုခေါအုပ်စု ကာပရူးကျေးရွာတွင် ရွာသားများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် နိုဝင်ဘာလမှစ၍ ၎င်းတို့ ရွာသူရွာသားများ ပူးပေါင်း၍ လမ်းဖောက်ခဲ့ကြပြီး ကုန်ကျစရိတ်ငွေများကို ဘတ်ဂျက်ကျလာသည့်အချိန်တွင်မှ ပြန်လည်ပေးသွားမည်ဟု ဖရူဆိုမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးနော်အီးကဆိုသည်။

“ကျွန်တော်တို့ ရွာမှာ ကိုယ်ထူကိုယ်ထလမ်းဖောက်နေတယ်၊ တစ်ရွာလုံး စက် ဘက်ဖိုးငှားပြီးတော့မှ လမ်းဖောက်နေတယ်” ဟု ကာပရူးကျေးရွာမှ လူငယ် ကိုဂျိုဝါးနီက ပြောသည်။

လမ်းဖောက်လုပ်ရန်အတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှလည်း ကူညီသွားဖြစ်ဖြစ်ကြောင်း ဒေသခံများမှသိရသည်။

ကာပရူးကျေးရွာ လမ်းဖောက်လုပ်ပေးရန်အတွက်ကို အစိုးရထံ သို့ ၎င်း တင်ပြတောင်းဆိုထားပြီး အထက်မှ ခွင့်ပြုငွေမကျလာသေးကြောင်း ဖရူဆိုမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်ကိုယ်စားလှယ်ဦးနော်အီးကပြောသည်။

“သူတို့လမ်းမကျပဲနဲ့ ကျောင်းဆောက်ဖို့ သွားကျတယ်၊ လမ်းဖောက်ဖို့တော့ သူတို့လုပ်နေတယ် ၊ ကိုယ်ထူကိုယ်ထဖောက်ကြမယ် ပြီးမှ နောက်မှ ပြန်ကျလာတဲ့အချိန်မှ ကုန်ထားတာတွေ ပြန်ပေးမယ်လို့ ကျွန်တော်တော့ ပြောထားတယ်” ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်မှ ကိုယ်စားလှယ်ဦးနော်အီးကပြောသည်။

ဒသခံများအဆိုအရ စာသင်ကျောင်း ဆောက်လုပ်လျှင် လမ်းရှိမှသာ အဆင်ပြေမည်ဖြစ်သည့်အတွက် ယခုလို ကိုယ်ထူကိုယ်ထ လမ်းဖောက်လုပ်ရခြင်းဖြစ်ကြောင်းဆိုသည်။

ကိုယ်ထူကိုယ်ထလမ်းဖောက်လုပ်ရန်အတွက် သိန်း၁၀ဝကျော်ခန့် ကုန်ကျမည်ဖြစ် ပြီး နိုဝင်ဘာလ ကုန်တွင် အပြီးဖောက်လုပ်ရန် ခန့်မှန်းထားကြောင်း ကိုဂျိုဝါးနီကပြောသည်။

၎င်းတို့ကျေးရွာလမ်းကို လွန်ခဲ့သော နှစ်ဦးပိုင်းတွင် လူအားဖြင့်တစ်ကြိမ်၊ ကိုယ်ထူကိုယ်ထ ဖောက်လုပ်ခဲ့ဖူးပြီးဖြစ်သည်။

ကာပရူးကျေးရွာသည် အိမ်ခြေ ၁ဝ အိမ်ခန့်သာရှိသော ကယောလူမျိုးများ နေထိုင်သည့် ကျေးရွာဖြစ်သည်။

spot_img
spot_img
spot_img

Recent posts