spot_imgspot_imgspot_imgspot_img
Wednesday, September 18, 2024
spot_imgspot_imgspot_imgspot_img

ကိုကွေကျေးရွာမှာ မြေပြိုမှု၊ မြေအက်ကွဲမှုတွေကြောင့် စစ်ရှောင်တွေအပါအဝင် ကျေးရွာခံတွေ ယာယီပြောင်းရွေ့နေရ ၊ အကူအညီလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြိုနယ် အနောက်ဘက်ခြမ်း၊ ဒေါလာစောကျေးရွာအုပ်စု၊ ကိုကွေကျေးရွာမှာ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှု နဲ့အတူ နေအိမ်အောက်မှာ မြေကြီးကွဲအက်လာတဲ့အတွက် စစ်ဘေးရှောင်အပါအဝင် ကျေးရွာခံတွေဟာ ယာယီပြောင်းရွေ့နေရပြီး အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

“ပြောင်းကို ပြောင်းရွေ့ရမယ်၊ လက်ရှိမှာတော့ အမိုးအကာ အကူအညီလိုအပ်တာပေါ့ စီစဥ်ထားတာတွေရှိတယ်။ အရေးကြီး အရေးပေါ်တွေလည်း ထားရမယ်။” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဂျော်နီဂျော့က ပြောပါတယ်။

မြေပြိုမှုကြောင့် ကိုကွေကျေးရွာက ခန်းမဆောင်၊ စပါးကျီတစ်လုံး ၊ လူနေအိမ် ၃လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မိုးမရွာတော့ပေမယ့် ကျေးရွာအတွင်း မြေကြီးအက်ကွဲတာဟာ တစ်ပေခန့် နိမ့်ကျနေပြီဖြစ်တာကြောင့် စစ်ဘေးရှောင်နဲ့ ကျေးရွာခံတွေက တခြားနေရာကို ရွေ့ပြောင်းနေထိုင်ရတာဖြစ်ပါတယ်။

“ပြောင်းရွေ့ရင်လည်း မြေပြိုမှာပဲ မပြောင်းရွေ့လည်း မြေပြိုမှာပဲ။ အကယ်၍ မိုးဆက်ရွာရင်တော့ ပြိုလဲခါနီး သုံးလုံးကတော့ ဖြုတ်ယူလို့ရမှာလည်း မဟုတ်ဘူး။” လို့ ကိုဂျော်နီဂျော့က ဆက်ပြောပါတယ်။

အဆိုပါ ကိုကွေကျေးရွာကို သွားလာတဲ့ ကားလမ်းတွေလည်း မြေပြိုမှုနဲ့ တောင်ကျချောင်းရေကြောင့် သွားလာရ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ကိုကွေကျေးရွာမှာတော့ ကျေးရွာခံ အိမ်ခြေ ၂၈ အိမ် နဲ့ စစ်ဘေးရှောင် အိမ်ခြေ ၁၉ အိမ်ရှိပြီး စုစုပေါင်း လူဦးရေ ၂၀၀ ကျော် ရှိပါတယ်။

spot_img
spot_img

Recent posts